Thursday, August 6, 2015

ဝိညာဉ်​ကိုယ်​ရံ​တော်


❤❤❤❤❤❤ဝိညာဉ်​ကိုယ်​ရံ​တော်​၂❤❤❤❤❤❤❤❤❤
ငှက်​က​လေးများသည်​အိပ်​တန်းတက်​​တေးဆို​နေကြပြီဖြစ်​သည်​​နေမင်းကြီးကတစ်​အိအိနဲ့ကမ္ဘာတစ်​ဖက်​ခြမ်းကိုတစ်​​ရွေ့​ရွေ့နဲ့ထွက်​ခွာစပြုလာ​ပေသည်​။အခန်းတံခါး​ခေါက်​သံ​ဒေါက်​ခနဲကြားလိုက်​ရသည်​​ဆောင်းနှင်းသူအဖို့​တော့တံခါး​ခေါက်​သံကမိုးကြိုးပစ်​သံထက်​ပို
ပြီး​ကြောက်​ရွံ့​နေမိ​နေ​တော့သည်​။
"အန်​တီ​ဆေးထိုးဖို့လာတာပါ"
မျက်​နှာပြုံးစိစိနဲ့လွမ်း​ဝေ​နောင်​၏အသံ​ဘေးမှသူနာပြုလည်းပါသည်​။
"ဟုတ်​ကဲ့​ဒေါက်​တာ​စောင့်​​နေတာပါ"
ပြန်​​ပြောလိုက်​​သော​ဆောင်းနှင်းသူ၏အ​မေအသံ​ဆောင်းနှင်းသူက​တော့​ဘေးတစ်​ဖက်​ကို​စောင်းထားသည်​။နောက်​ပြီးသူ့ဆီမှဟင့်​ခနဲရှိုက်​သံတစ်​ချို့ကိုကြားလိုက်​သည်​။လွမ်း​ဝေ​နောင်​လည်း
"မ​ဆောင်းနှင်းသူဘာဖြစ်​လို့လဲ"
ပြော​ပြောဆိုဆိုပင်​သွားကြည့်​လိုက်​သည်​။ယုန်​က​လေးတစ်​​ကောင်​ကို​ကြောက်​လန့်​​နေ​သော​ကောင်​မ​လေးငိုတာ​တောင်​အသံမထွက်​​အောင်​ကြိုတ်​ငို​နေ​သော​ဆောင်းနှင်းသူ
"ဟဟဘာဖြစ်​တာလဲဗျ​အောင့်​လို့လား"
ငိုသံပါကြီးနဲ့
"ဆရာကျွန်​မကို​ဖြေး​ဖြေးထိုးပါ​နော်​​ကြောက်​လို့"
ရုတ်​တစ်​ရက်​သူမ​ကျွန်​​တော့်​လက်​ကိုကိုင်​လိုက်​ပြီးသနားစဖွယ်​​တောင်းပန်​လာသည်​လက်​က​လေး​တွေက​အေးစက်​လို့
"သမီးကလည်းက​လေးကြ​ရောမနာပါဘူးသမီးရယ့်​"
လွမ်း​ဝေ​နောင်​မှာသနားလည်းသနားသူ့စိတ်​ထဲမှာတစ်​မျိုးကြီးဖြစ်​သွားသည်​။
"ကျွန်​​တော်​​ဆေးထိုးမှာမဟုတ်​ပါဘူးဟိုဆရာမကို​ပြောသူထိုးမှာ"
"ရှင်​"
သူနာပြုဆရာမကပြုံးပြလိုက်​သည်​။လွမ်း​ဝေ​နောင်​၏လက်​ကို​တော့မလွှတ်​​သေး​ပေကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ထားသည်​။
"ကဲစိတ်​ကို​လျော့ထား​နော်​"
သူနာပြုဆရာမက​ဆေးထိုးအပ်​ဖြင့်​ထိုးလိုက်​​သောအခါလွမ်း​ဝေ​နောင်​ကိုဆုပ်​ထား​သော​ဆောင်းနှင်းသူ၏လက်​မှာပိုပြီးတင်းကျပ်​လာ
ပြီး​ဆောင်းနှင်းသူမှာမျက်​စိကိုစုံမှိုတ်​ကာ​နေ​တော့သည်​။လွမ်း​ဝေ​နောင်​မှာငိုအားထက်​ရယ်​အားသန်​ကာ​ဘာ​ပြောရမှန်းမသိပြုံးသာ​နေ​တော့သည်​။
"ကဲမ​ဆောင်းနှင်းသူပြီးပြီ​လေ"
သူမမျက်​လုံးဖွင့်​ကာလွမ်း​ဝေ​နောင်​ကိုကြည့်​လိုက်​ပြီးသူမ၏မျက်​နှာတစ်​ခုလုံးပန်း​ရောင်​​သွေးဖုန်းလွှမ်းသွား​တော့သည်​။
"ဆရာဘာပြုံး​နေတာလဲကျွန်​မနာတာကို​ပျော်​​နေတာလား"
"မဟုတ်​ပါဘူးဗျာကျွန်​​တော့်​ကိုယ်​ကိုက​လေးအထူးကုလားလို့​တွေးမိလို့ပါ"
"ရှင်​.."
"အန်​တီခွင့်​ပြုပါဦး"
လွမ်း​ဝေ​နောင်​မှာ​ပြောင်​စပ်​စပ်​မျက်​နှာဖြင့်​စကားကိုခနွဲ့ခဲ့ကာအမြန်​ထွက်​သွားသည်​။ဆောင်းနှင်းသူမှာပါးစပ်​အ​ဟောင်းသားနှင့်​​ပြောခဲ့​သောစကားကိုစဉ်းစား​နေသည်​။ထိုစဉ်
"သမီး​ရေ​သောက်​မလား"
သူ့အ​မေ၏အ​ပြောကို​ဆောင်းနှင်းသူမှ
"​သောက်​ဘူးဘယ်​​တော့မှမ​သောက်​ဘူး"
ဆိုကာ​စောင်​ကို​ခေါင်းမြီးခြုံပြီးဘာမှမ​ပြော​တော့ပဲလှဲအိပ်​​နေလိုက်​သည်​။
"သမီးကလည်းကွယ်​​ဒေါက်​တာကခင်​လို့စသွားတာပါ"
ဆောင်းနှင်းသူဘာမှမတုန့်​ပြန်​ပဲ​ပြောင်​စပ်​စပ်​လွမ်း​ဝေ​နောင်​၏မျက်​နှာကိုမြင်​​ယောင်​ရင်း​ဒေါသဖြစ်​​နေ​တော့သည်​။
လွမ်း​ဝေ​နောင်​မှာနား​နေခန်းထဲတွင်​​နေရင်းတစ်​​ယောက်​ထဲပြုံး​နေသည်​​ရှေ့မှသူ့သူငယ်​ချင်း​ရောက်​လာတာကိုမသိလိုက်​​ချေ။
"​ဟေ့​ကောင်​လွမ်း​ဝေ​နောင်​ဘာဖြစ်​​နေတာလဲ"
"ဪ...မင်းဘယ်​တုန်းက​ရောက်​​နေတာလဲ"
"ဟင်​...ဘယ်​တုန်းက​ရောက်​​နေတာလဲဟုတ်​လားမင်းကို​ခေါ်​နေတာ​လေကြာ​ပေါ့မဟုတ်​မှလွဲ​ရောမင်းရည်းစား​တွေ့ပြီလား"
"ဟာ..မင်းကလည်းမဟုတ်​ပါဘူးကွ"
"ဟားဟားမယုံပါကွာမင်းဒီလိုမျက်​နှာ​ပေါက်​မျိုးငါသိတယ်​"
"မင်းကလည်း​မြွေ​မြွေချင်း​ခြေမြင်​တယ်​​ပေါ့"
"​အေး​ပေါ့ကွာဒါ​ပေမယ့်​မင်း​နောက်​မကျ​စေနဲ့​နော်​​နောက်​ကျရင်​စန္ဒားယားတီးရမယ်​"
"ဘာလဲကွမင်းစန္ဒယားက"
"မင်းကလည်းရိမ်​မိုးရယ့်​​ကောင်​မ​လေးသီချင်းထဲကလို​လေ​အောင်​ရဲလင်းအဖြစ်​မျိုး​ပေါ့ကွ"
"ဟားဟား...မင်းသိပ်​​နောက်​ပဲ"
လွမ်း​ဝေ​နောင်​လည်းတစ်​ခါမှမိန်းက​လေး​တွေနဲ့​တွေ့ရင်​မလှုပ်​ရှားခဲ့ဖူး​သောရင်​ခုန်​စံအတိမ်​အနက်​ကိုသူခုခံစား​နေရ​ပေသည်​။သူ့ကိုငါချစ်​​နေမိပြီလားစိတ်​ထဲတွက်​မသဲမကွဲဖြစ်​​နေ​ပေသည်​။ည၏မီးအလင်း​ရောင်​​အောက်​မှာ​တော့လမင်းကြီးကမသာနိုင်​ပံတိမ်​မဲ​တွေဖုံးလို့.....။
*****************************************************
လွမ်း​ဝေ​နောင်​၏ရင်​ဘက်​ကိုတစ်​ကယ်​လှုပ်​ရှားသွား​စေတာ​တော့​ဆောင်းနှင်းသူ​ဆေးရုံကဆင်းလို့ရပြီဆိုတာပါပဲသူ​ကော်​ရစ်​တာ​A3အခန်း၏​ရှေ့တွင်​​တွေ​ဝေစွာဖြင့်​ရပ်​​နေသည်​။တစ်​ခါမှလူနာ​နေပြန်​​ကောင်း၍​ဆေးရုံမှဆင်းလျှင်​ဤသို့မဖြစ်​ဖူး​ပေဝမ်းသာမှုသာဖြစ်​ဖူးသည်​။ခု​တော့အဲလိုမဟုတ်​တစ်​ခုခုကိုဝမ်းနည်းသလိုဖြစ်​​နေမိ၏သူမ​ပြောပဲတစ်​ခြားလူပဲ​ပြောခိုင်းရမလားစိတ်​ပူ​နေစဉ်​သူ၏သူငယ်​ချင်း၏​ခေါ်သံကိုကြားလိုက်​ရသည်​။
"​ဟေ့လွမ်း​ဝေ​နောင်​"
သူဘာမှမ​ပြောကြားသည်​ဟုသူ၏သူငယ်​ချင်းသိ​အောင်​​မေး​ငေါ့ပြလိုက်​သည်​။သူ့သူငယ်​ချင်းမှ
"​ဟေ့​ကောင်​စန္ဒယား"
ဟု​ပြောလိုက်​ကာလက်​မှလည်းစန္ဒယားတီးဟန်​လုပ်​ပြလိုက်​သည်​။
လွမ်း​ဝေ​နောင်​လည်းမထူး​တော့ပါဘူးဟုဆိုကာအခန်းတံခါးကို​ခေါက်​၍ဖွင့်​ဝင်​လိုက်​သည်​။သူ့ဘက်​ကို​ဆောင်းနှင်းသူတစ်​ချက်​လှည့်
ကြည့်​လိုက်​သည်​​နောက်​ပြီးသူထိုင်​မြဲပင်​ထိုင်​​နေလိုက်​သည်​။
"အန်​တီ​မ​ဆောင်းနှင်းသူ​ဆေးရုံကဒီ​နေ့ပဲဆင်းလို့ရပါပြီ"
မထွက်​ချင်​သလိုထွက်​ချင်​သလိုလိုလည်​​ချောင်း၌တစ်​ဆို့ပြီးမှထွက်​လာသည်​။ဆောင်းနှင်းသူက​တော့ပြုံး​လို့လွမ်း​ဝေ​နောင်​၏စိတ်​ထဲမှာ​တော့....
"အမယ်​ပြုံးလို့သူကငါ့ကိုကလဲ့စား​ချေတာ​နေမှာ"
ဟုက​လေးအ​တွေးဆန်​ဆန်​စိတ်​ထဲမှာခနဲ့ပြီး​တွေးလိုက်​သည်​။
"ဟယ်​ဝမ်းသာလိုက်​တာဆရာရယ်​"
ဆောင်းနှင်းသူ၏အ​မေ​ပြော​သောစကားမှာသူ့ရင်​ထဲကခံစားချက်​ကိုသိ၍​လှောင်​​ပြောင်​​ပြောဆိုလိုက်​သလိုခံစား​နေရသည်​။
"မ​ဆောင်းနှင်းသူ​နေ​ကောင်းပါတယ်​​နော်​"
က​လေးတစ်​​ယောက်​လိုပဲပါးစပ်​ထဲတွင်​ချိုချဉ်​​လေးကိုငုံထား၍ပြန်​​ပြောလိုက်​သည်​။
"ဟုတ်​ကဲ့​ဒေါက်​တာ"
ဆောင်းနှင်းသူ၏အ​မေကကြားဖြတ်​၍ဝင်​​ပြောလိုက်​သည်​။
"သမီး​ဒေါက်​တာနဲ့စကား​ပြောပြီးကျန်​ခဲ့ဦးအ​မေပိုက်​ဆံရှင်းလိုက်​ဦးမယ်​"
ဆောင်းနှင်းသူ၏အ​မေမှာခပ်​သုတ်​သုတ်​ထွက်​သွားသည်​လွမ်း​ဝေ​နောင်​လည်းမထူးဇတ်​ခင်း​ချေပြီ။
"မ​ဆောင်းနှင်းသူ​ပျော်​​နေလားဟင်​"
"​ဒေါက်​တာကလည်း​ပျော်​တာ​ပေါ့အိမ်​ပြန်​ရ​တော့မှာကို"
"ကျွန်​​တော်​​တော့မ​ပျော်​နိုင်​ဘူးဗျာ"
"ဟင်​....ဆရာကကျွန်​မ​နေ​ကောင်းတာကိုမ​ပျော်​ဘူး​ပေါ့"
"အဲလိုသ​ဘောမဟုတ်​​ဘူး​လေအဲလိုမဟုတ်​ပါဘူး"
"ဒါဆိုဘာလဲ"
"ရှင်းရှင်းပဲ​ပြောမယ်​​နော်​ကျွန်​​တော်​မ​ဆောင်းနှင်းသူကိုမ​တွေ့ရရင်​​မ​နေတက်​​တော့ဘူး"
"အမယ်​​ဒေါက်​တာ့စကားကအဆန်းပါလား"
"ဆန်းဆိုကျွန်​​တော်​​ပြောမယ်​ကျွန်​​တော်​မ​ဆောင်းနှင်းသူကိုချစ်​တယ်​"
"ရှင်​ကျွန်​မကဘယ်​လိုယုံ​ပေးရမှာလည်း​ဒေါက်​တာ"
"ကျွန်​​တော့်​ကိုမယုံရင်​​တော့​နေပါမ​ဆောင်းနှင်းသူဒါ​ပေမယ့်​ကျွန်​​တော့်​အချစ်​ကို​တော့ယုံ​ပေးပါ"
သူဘာမှထွက်​မလာတစ်​​ယောက်​ကိုတစ်​​ယောက်​​သေချာကြည့်​လို့အချိန်​​တွေပဲရပ်​တန့်​သွားသလိုဘာမှဘာဆိုဘာမှနှစ်​​ယောက်​သားနှုတ်​ကထွက်​မလာ..။
"ကျွန်​​တော်​အခွင့်​အ​ရေးယူသလိုဖြစ်​သွားရင်​​တောင်းပန်​ပါတယ်​"
ဆောင်းနှင်းသူဘာမှမ​ပြောထိုစဉ်​သူ့အ​မေပြန်​​ရောက်​လာသဖြင့်​ပိုဆိုးသွား၏။
"မ​ဆောင်းနှင်းသူဖုန်းနံပတ်​သိလို့ရမလား"
ဆောင်းနှင်းသူအ​မေကကြားဖျက်​၍
"ရပါတယ်​ဆရာကျွန်​မဖုန်းနံပတ်​ယူထား​လေဒီမှာဆရာ"
"ဗျာ...ဟုတ်​"
ဆောင်းနှင်းသူကိုသူ့ကိုကြည့်​၍ခိုးရယ်​သည်​။သူလည်းမျက်​နှာထူပူ​အောင်​ရှက်​သွားသဖြင့်​အမြန်​နှုတ်​ဆက်​ကာထွက်​လာ​တော့သည်​။
ကား​ပေါ်ကိုတက်​သွား​သော​ဆောင်းနှင်းသူကိုသူမလှမ်းမကမ်း​လေးမှရပ်​ကြည့်​​နေသည်​။ကားဘီးက​ဖြည်းဖြည်းချင်းလိမ့်​ကာသူ့နားမှ
ဖျက်​စဉ်​ကားမှန်​​လေးမှာပွင့်​သွားပြီး​ဆောင်းနှင်းသူကလှမ်း​ပြောလိုက်​သည်​။
"​ဒေါက်​တာA3ထဲကို​သေချာကြည့်​​နော်​"
သူဘာမှမ​ပြောနိုင်​​အောင်​အံဩ​နေသည်​ဘာလို့ကြည့်​ခိုင်းတာလဲ​ပေါ့စဉ်းစားရင်း​ဆောင်းနှင်းသူ၏ကား​လေးက​တော့တဖြည်းဖြည်း​မြင်​ကွင်းမှ​ပျောက်​ကွယ်​သွား​ချေပြီ။
*****************************************************
လွမ်း​ဝေ​နောင်​လည်းဘာအတွက်​​ကြောငိ့လဲမသိအ​ကြောင်းမဲ့​တော့မဟုတ်​​လောက်​ပါဟု​တွေးကာအခန်းထဲသွားကြည့်​မိသည်​သန့်​ရှင်း​ရေးပင်​မလုပ်​ရ​သေးနံရံမှာကပ်​ထား​သောစာရွက်​ဖြူ​လေးမှာဖုန်းနံပတ်​​လေး​ရေးထားသည်​​အောက်​မှာ​တော့S.H.Tတယ့်​သူထခုန်​မိမလို​ပျော်​သွားသည်​။ထိုဖုန်းနံပတ်​ကိုတန်းပင်​ဆက်​လိုက်​သည်​။
"ဟဲလို"
ဖုန်းထဲမှချိုသာ​သောအသံ​လေး​ကြောင့်​စကား​ပြောရန်​ပင်​ခဏစွံ့အသွားသည်​။
"ဟဲလိုမ​ဆောင်းနှင်းသူလား"
"ဘုရား​ရေတန်းဆက်​တယ်​​နော်​"
"ဖုန်းနံပတ်​​ပေးခဲ့တယ်​ဆို​တော့ကျွန်​​တော့်​ကိုပြန်​ချစ်​တယ်​​ပေါ့"
"အဲ....."
"​ပြောပါကျွန်​​တော်​ရင်​​တွေအရမ်းတုန်​ပြီးသိချင်​​နေပြီ​ပြော​ပေးပါ​နော်​"
"အင်း"
"​ပြော​လေမ​ဆောင်းနှင်းသူရယ့်​"
"ရှက်​တယ်​လို့"
"ဟာဗျာ​ပြောစမ်းပါဗျ"
"ကဲချစ်​တယ်​ရှင်​"
"ဟာဝမ်းသာလိုက်​တာတစ်​ကယ်​လားဟင်​"
"အင်း"
အလို​ကောင်းကင်​နှင့်​​မြေကြီးနှစ်​ခြမ်းများကွဲထက်​သွား​လေပြီလား
မြစ်​​တွေ​ပြောင်းပြန်​စီးဆင်းသွားကြ​ပေပြီလား​လွမ်း​ဝေ​နောင်​၏ရင်​ထဲတွင်​အချစ်​ပျိုးခင်း​လေးမှအချစ်​​တောမြိုင်​ကြီးဖြစ်​သွားသလိုနှလုံးသား၌အချစ်​ပန်းတို့​ဝေ​ဝေဆာဆာပွင့်​ဖူးကြ​ပေသည်​။
သူတို့အပြင်​မှာခဏခဏ​တွေ့ကြသည်​။လျှောက်​လည်​ကြသည်​ရုပ်​ရှင်​​တွေကြည့်​ကြသည်​တစ်​​ယောက်​အ​ပေါ်တစ်​​ယောက်​အမြဲ​နားလည်​​နေကြသဖြင့်​ရန်​ဖြစ်​သည်​ဟူ၍ပင်​မရှိတစ်​​နေ့ထက်​တစ်​​နေ့အချစ်​များအသစ်​အသစ်​တိုးပွားလာ​ပေသည်​။မ​တွေ့ရလဲမ​နေနိုင်​​ပေ။
အနည်းဆုံး​တော့ဖုန်းထဲက​တွေ့မယ်​Lineမှ​တွေ့​နေကြပင်​ဖြစ်​သည်​။မိုးမမြင်​​လေမမြင်​အချစ်​​တွေကြီး​နေချိန်​ဖြစ်​သည်​။
*****************************************************
ဒါ​ပေမယ့်​.....သိပ်​မကြာခင်​လပိုင်း​လောက်​ပဲရှိဦးမည်​သူတို့်​နှစ်​​ယောက်​ချိန်း​တွေ့ကြသည်​။အစကချိန်း​တွေ့လျှင်​ပြုံး​ပျော်​ကြလို့ခု​တော့​ဆောင်းနှင်းသူမှာ......
"​ဆောင်းကိုယ့်​ကိုသိပ်​ချစ်​လားဟင်​"
"အင်း"
"​ဆောင်းဟိုမှာကြည့်​ဦးငှက်​က​လေးနှစ်​​ကောင်​တို့နှစ်​​ယောက်​လိုပဲ​နော်​"
"အင်း"
လွမ်း​ဝေ​နောင်​စဉ်းစားသည်​အစကဒီလိုမဟုတ်​စကား​တွေ​ဖောင်​ဖွဲ့​ပြော​နေကြပါခုဘာဖြစ်​ပါလိမ့်​ဟု​တွေးကာ​ဆောင်းနှင်းသူ၏လက်​က​လေးကိုကိုင်​လိုက်​သည်​​အေးစက်​လို့......
"​ဆောင်း​နေမ​ကောင်းဘူးလားဟင်​ဘယ်​လို​နေလို့လဲ"
"​ကောင်းပါတယ်​​ဆောင်းမူး​နေလို့ပါ"
"မူး​နေလို့လား​ဆောင်းဒါဆိုလာဟိုမှာသံပုရာရည်​​ရောင်းတယ့်​ဆိုင်​ရှိတယ်​သွား​သောက်​ရ​အောင်​"
လွမ်း​ဝေ​နောင်​ကလက်​ကိုဆွဲ၍​ခေါ်သွားသည်​။ဆောင်းနှင်းသူမှာလမ်းပင်​သိပ်​မ​လျှောက်​ရ​သေး..
"အ"
"ဟင်​​ဆောင်းဘာဖြစ်​လို့လဲ​အောင့်​လို့လား"
သူမရင်​ဘက်​ကိုလက်​က​လေးနှင့်​ဖိထားပြီးဘာမှပြန်​မ​ပြောနိုင်​​ခွေခနဲကာလဲကျသွားသည်​။
"​ဆောင်းသတိထား​လေ​ဆောင်း"
ဆူညံသွား​သောအမင်္ဂလာအ​ရေး​ပေါ်ကားသံကအရာရာကိုဖုံးလွှမ်းလျှက်​လွမ်း​ဝေ​နောင်​သည်​လည်း​ဆောင်းနှင်းသူ၏လက်​က​လေးကိုကိုင်​ထားကာနှုတ်​မှ​​ဆောင်းနှင်းသူ၏နာမည်​ကိုတစ်​တွတ်​တွတ်​​ခေါ်ရင်းအသိစိတ်​​ပျောက်​ဆုံး​နေ​ချေပြီ။
ဆေးရုံအ​ရောက်​စစ်​​ဆေးမှု​တွေပြုလုပ်​ပြီးဆရာဝန်​နှင့်​လွမ်း​ဝေ​နောင်​တို့စကား​ပြောကြသည်​။ဆရာဝန်​မှာတစ်​ခြားသူမဟုတ်​သူ၏သူငယ်​ချင်းပင်​ဖြစ်​သည်​။
"သူငယ်​ချင်းအ​ခြေအ​နေက"
"မင်းလည်းသိမှာပါလူနာအ​ခြေအ​နေသိပ်​မ​ကောင်းဘူးကွနှလုံးအစားထိုးရမယ်​"
"ဒါဆိုငါထင်​တယ့်​အတိုင်းဖြစ်​လာပြီ​ပေါ့ကွာ"
"ငါစိတ်​မ​ကောင်းဘူးကွာမြန်​မြန်​အစားထိုးရမယ်​ကွနှမို့ဆိုလူနာရယ့်​အသက်​စိုးရိမ်​ရတယ်​"
"ဒါဆိုငါ....ဟိုနည်းလမ်းပဲသုံးရ​တော့မယ်​"
"ဟာသူငယ်​ချင်းမင်းစဉ်းစားကွ"
"ငါစဉ်းစားပြီးပြီ"
သူတို့နှစ်​​ယောက်​အတွက်​​ပြောစရာစကားမရှိ​တော့သဖြင့်​ပြန်​လာကာ​ဆောင်းနှင်းသူ၏အခန်းသို့ဝင်​လာသည်​။အောက်​ဆီဂျင်​ပိုက်​တန်းလန်းနဲ့သတိမရ​သေး​သော​ဆောင်းနှင်းသူကိုလွမ်း​ဝေ​နောင်
ကြည့်​၍ရင်​ထဲဆို့နစ်​သွားသည်​။သူမ၏လက်​နုနု​လေးကိုလွမ်း​ဝေ​နောင်​ဆုပ်​ကိုင်​၍...
"​ဆောင်းအားတင်းထား​နော်​ကိုယ်​​ဆောင်းကိုရ​အောင်​ကယ်​မယ်​"
သာယာမှုမရှိ​သောကမ္ဘာသည်​အချစ်​ဟူ၍မရှိ။နေ​ရောင်​မရှိ​သောကမ္ဘာတွင်​အပင်​ဟူ၍မရှိ။လေမရှိ​သောကမ္ဘာတွင်​သက်​ရှိဟူ၍မရှိ။မင်းမရှိ​သောကမ္ဘာသည်​ကိုယ့်​အတွက်​......။
*****************************************************
ဝုန်းခနဲပွင့်​သွား​သောတံခါး၏အသံလှည်းဘီး၏တွန်းသွား​သောအသံတီတီတီနှင့်​မည်​​နေ​သောစက်​အသံတို့၏​နောက်​ကွယ်​တွင်​​​ဆောင်းနှင်းသူ၏​ခေါ်သံ
"ကို.........."
လွမ်း​ဝေ​နောင်​ကိုသူမ​ခေါ်လိုက်​​ပေမယ့်​သူ့ကိုလှည့်​မကြည့်​အနားသို့​ရောက်​​သောအခါ​ဆောင်းနှင်းသူသည်​လွမ်း​ဝေ​နောင်​ကို​နောက်​မှဖက်​လိုက်​သည်​။
"ကို​ဆောင်း​ခေါ်တာကိုမကြားဘူး​နော်​ဘာဖြစ်​​နေတာလဲ"
"​ဆောင်းကိုထွက်​သွားရ​တော့မယ်​"
"ကို...​ဆောင်းကိုခွဲသွားမှာလားမသွားပါနဲ့​နော်​"
လွမ်း​ဝေ​နောင်​​ဆောင်းနှင်းသူကိုပြန်​မကြည့်​ပဲ​ကြောခိုင်းထွက်​သွားသည်​။
"ကို....မသွားပါနဲ့​ဆောင်းကိုထားမခဲ့ပါနဲ့"
သူမလွမ်း​ဝေ​နောင်​​နောက်​ကိုလိုက်​ရန်​​ခြေလှမ်းပြင်​​သော်​လည်းသွားမရတစ်​ခုခုကကာဆီး​နေသလိုဖြစ်​​နေသည်​။ပါးစပ်​မှအသံကုန်​​အော်​သည်​။
"ကို....မသွားနဲ့"
လွမ်း​ဝေ​နောင်​လမ်း​လျှောက်​​နေရာမှရပ်​ကာသူ့ကိုလှမ်းကြည့်​သည်​​ဆောင်းနှင်းသူလည်းအသံကုန်​​အော်​သည်​။ထို့​နောက်​လွမ်း​ဝေ​နောင်​သူ့ဆီကို​ပြေးလာပြီးသူမ၏လက်​ကိုလာကိုင်​သည်​။
"ကို...ဘယ်​​တော့မှထွက်​မသွားရဘူး​နော်​"
လွမ်း​ဝေ​နောင်​​ခေါင်းငြိမ့်​ပြသည်​။
"​ဆောင်းအနားမှာပဲရှိ​နေ​ပေး​နော်​"
"​ဆောင်းအနားမှာပဲရှိ​နေ​ပေး​နော်​"
ဝင်းခနဲအလင်း​ရောင်​ကြီးကသူ့မ၏မျက်​လုံးကိုစူးရှ​စေသည်​တဝှီးဝှီးလည်​​နေ​သောပန်​ကာသံကသူမကိုပို၍ကျယ်​​လောင်​​စေသည်​။အ​ပေါ်မှာမြင်​ရတာကဖြူဖြူကြီး​နောက်​ပြီးအသံတစ်​ခုကသူ့နားထဲတိုးဝင်​လာသည်​။
"သမီးသတိရပြီလား"
"​ရေ...​ရေ.."
သူမ​ရေတစ်​ဇွန်းကိုအငမ်းမရ​သောက်​လိုက်​သည်​။
"သမီး​ဖြည်းဖြည်း"
ရေကိုတစ်​ဇွန်းချင်းစီတိုက်​​နေသည်​။နောက်​ပြီးဆရာဝန်​​ရောက်​လာသည်​။
"သက်​သာလား"
"ဟုတ်​ကဲ့"
"မ​ဆောင်းနှင်းသူဘယ်​လို​နေလဲ"
"ရင်​ဘက်​ကနည်းနည်းနာတယ်​​ခေါင်းမူးတာကလွဲရက်​အကုန်​​ကောင်းတယ်​ဆရာ"
"ဟုတ်​ကဲ့ဒါ​တွေကမ​ဆောင်းနှင်းသူ၎ရက်​သတိ​မေ့​နေတာရယ်​နှလုံးခွဲထားတာ​ကြောင့်​ပါဘာမှစိတ်​မပူနဲ့​ကောင်းသွားမှာပါအနားယူလိုက်​​နော်​"
သူမနည်းနည်းထူနိုင်​​ထောင်​နိုင်​ဖြစ်​လာသည်​သူမလွမ်း​ဝေ​နောင်​ကို​တော့မ​တွေ့သူမ​မေးလိုက်​သည်​။
"အ​မေလွမ်း​ဝေ​နောင်​​လေသူဘယ်​သွားလဲဟင်​"
သူမအ​မေကွက်​ခနဲမျက်​နှာပျက်​သွားသည်​။
"မသိဘူး​လေသမီးရဲ့သမီး​နေ​ကောင်းမှ​ပြောပြမယ်​​နော်​"
"မရဘူးခု​ပြောအ​မေသမီးမ​ပြောရင်​​ဆေးမ​သောက်​ဘူး"
"ခက်​ပါလားသမီး​လေယရယ်​"
"အ​မေ​ပြော​နော်​​ပြော"
"သမီးစိတ်​ခိုင်​ခိုက်​ထား​နော်​​မောင်​လွမ်း​ဝေ​နောင်​သမီးခွဲခန်းဝင်​တယ့်​​နေ့မှာအက်​ဆီးဒင့်​ဖြစ်​ပြီးဆုံးသွားပြီသူ့အသုဘမ​နေ့ကပဲ​မြေကြတယ်​သမီး"
"ရှင်​......."
သူမဘာမှမ​ပြောနိုင်​ပဲမျက်​ဝန်းနှစ်​ဖက်​မှမျက်​ရည်​တို့သည်​​ရေ​ဖောက်​ချလိုက်​​သောဆည်​ကြီးပမာအထိန်းအကွပ်​မဲ့စီးကြလာ​တော့သည်​။
"ဘယ်​​လောက်​ထိချစ်​ခဲ့လဲငါတို့မသိခင်​၊အရင်​ကြိုသိသွားတယ့်​​သေချင်းတရားကိုငါမုန်းတယ်​................
လောကကြီးရှင်​သိပ်​ရက်​စက်​တယ်​ရှင်​ဟာတစ်​ကိုယ်​​ကောင်းဆန်​တယ်​....."
အပိုင်း၃မှစ၍သရဲခန်းများပါမည်​​ကြောက်​စရာလုံးဝမဟုတ်​ပါကျွန်​​တော်​ပြလိုသည်​က​မေတ္တာတရားကဘဝခြားသူများအ​ပေါ်သက်​​ရောက်​မှုပါ​ကျေးဇူးတင်​ပါသည်​။

No comments:

Post a Comment