Sunday, August 2, 2015

ကျွန်​​တော်​သူ့ကိုတကယ်​ချစ်​ခဲ့တာပါ

^ကျွန်​​တော်​သူ့ကိုတကယ်​ချစ်​ခဲ့တာပါ^

ရင်​နာစရာဝိညာဉ်​ဇတ်​လမ်း​လေး....

အရမ်းမစည်​ကား​သော်​လည်း​နေချင်​စရာမြို့​လေးတစ်
မြို့စက်​ဘီးစီးလို့​ကောင်းတယ့်​​နေရာ​လေး​တွေရှုခင်း​တွေကိုတဝကြီးကြည့်​ဖို့​ကောင်းတယ့်​​နေရာ​လေး​တွေနဲ့
မြို့​လေးတစ်​မြို့ပါ။အဲဒီမြို့​လေးမှာ​ကောင်​​လေးတစ်​​ယောက်​​နေပါတယ်​။သူ့နာမည်​ကဇွဲထက်​သာအပျို​တွေ
ကြားထဲမှာ​ရေပန်းစား​လောက်​​အောင်​နာမည်​ကြီးသူတစ်​​ယောက်​​တော့မဟုတ်​​ပေ။တစ်​​နေ့ဇွဲထက်​သာသူငယ်​ချင်းတစ်​သိုက်​ဘုရားလာဖူးကြသည်​။အဲဒီ​နေ့ကသူ့​မွေး​နေ့အတိအကျဆိုလျှင်​၇ရက်​​နေ့စက်​တင်​ဘာလ။
ဇွဲထက်​သာသည်​သူ၏​မွေး​နေ့​ထောင့်​ဖြစ်​​သောစ​နေ​ထောင့်​တွင်​ဘုရားပန်းကပ်​ကာဘုရားကန်​​တော့လိုက်​သည်​။ဘုရားကန်​​တော့ပြီးဘုရားကို​ရေသပ္ပါယ်​​နေချိန်​တွင်​သူ၏​မွေးနံ​ထောင့်​တွင်​ဘုရားလာရှိခိုး​သော​ကောင်​မ​လေးတစ်​​ယောက်​ကိုသတိထားမိလိုက်​သည်။မြန်​မာဆန်​ဆန်​ရင်​ဖုန်းအကျီချိတ်​ထဘီ​လေးနဲ့မျက်​စိ​လေးမှိုတ်​ပြီးဘုရားရှိခိုး​နေပုံကရင်​ရင်​​လေးနဲ့လှသည်​။ဖြောင့်​စင်း​သောနှာတံ​လေးနှင့်​ပန်း​ရောင်​သန်း​နေ​သောအသားအရည်​​ပေါ်တွင်​လိမ်းချယ်​ထား​သောသဘာဝသားနပ်​ခါးပါးကွက်​က​လေးများကလှသည်​ထက်​လှ​စေရန်
ပြုလုပ်​​နေသလိုရှိ၏။သူဘယ်​​လောက်​ကြည့်​မိသွားလည်းမသိ​ပေ​ရေသပ္ပါယ်​​နေ​သောခွက်​မှာပင်​ကုန်​သွား၏
သူလည်းထလာသည်​​ရေသပ္ပါယ်​မလို့နဲ့တူသည်​။
"အကို့​ရေသပ္ပါယ်​ပြီးရင်​ခွက်​က​လေးခဏ​လောက်​​ပေးပါလားဟင်​"
ချိုသာ​သောအသံ​လေးနှင့်​လုံးဝရိုင်းပြမှုမရှိသူ၏ရင်​ကို​တော်​​တော်​လှုပ်​ရှားသွား​စေသည်​။
"ဟုတ်​ကဲ့ညီမ​ရော့​လေ"
သူခွက်​က​လေးကို​ပေးလိုက်​ချိန်​တွက်​အမှတ်​မထင်​လက်​က​လေးကိုကိုင်​လိုက်​မိသည်​နူးညံ့လိုက်​တာတစ်​သက်​လုံးကိုင်​ထားလို့ရရင်​​ကောင်းမှာပဲဟု​တွေးမိ၏။
"​ဟေ့​ကောင်​ဇွဲထက်​သာလာ​လေကွာငါတို့​တောင်​ဘုရားကိုပတ်​လို့ပြီးပြီဘာလုပ်​​နေတာလဲကွ"
"လာပြီကွ​"
သူငယ်​ချင်း​တွေ​ခေါ်​နေသဖြင့်​သူသွားလိုက်​သည်​သူ​နောက်​ဆုံးတစ်​​ခေါက်​ပြန်​ကြည့်​လိုက်​​သောအခါသူမလည်းသူ့ကိုအကြည့်​နှစ်​​ယောက်​စလုံးရင်​ခုန်​မိမည်​မှာမလွဲ​ပေ။သူတို့သူငယ်​ချင်းတစ်​စုသည်​ဘုရားမှပြန်​ရန်​ဓာတ်​​လှေကား​စောင့်​​နေကြသည်​။သူ၏​နောက်​တွင်​​ကောင်​မ​လေးတစ်​​ယောက်​လာရပ်​သည်​ကိုသူသတိထားမိလိုက်​သည်​။ရိုးရှင်း​သော​ရေ​မွေးနံ့​လေးနှင့်​သူ၏ကိုယ်​သင်းရနံ့​​လေး​စော​စောက​တွေ့ခဲ့​သော​ကောင်​မ​လေးသူပြုံးပြလိုက်​သည်​။ကောင်​မ​လေးမှာလည်းပြန်​ပြုံးပြသည်​။လှလိုက်​တယ့်​အပြုံး​လေးကရင်​ထဲစွဲငြိသွား​စေသည်​။
"ပြန်​​တွေ့ရပြန်​ပြီ​နော်​ဒီမြို့ကပဲလား"
"ဟုတ်​ကယ်​အကိုမြို့သစ်​ရက်​ကွက်​ကပါ"
"ကျွန်​​တော်​နဲ့နီးတာပဲကျွန်​​တော်​ကပြည်​သာယာက​လေ"
"ဟုတ်​ကဲ့အကို"
"ကျွန်​​တော့်​နာမည်​မှတ်​ထား​နော်​ဇွဲထက်​သာတယ့်​"
"ဟုတ်​ညီမနာမည်​ကနှင်းရည်​ချိုပါ"
"လှတယ်​​နော်​"
"ရှင်​"
"ဪ..နာမည်​ကို​ပြောတာပါ"
"ဟုတ်​ကဲ့"
"လူကလည်းလှပါတယ်​"
သူမဘာမှမ​ပြောပဲရှက်​ပြုံး​လေးဖြင့်​သာတုန့်​ပြန်​သည်​ဓာတ်​​လှေကားစီးရာတွင်​လည်းအတူတူဖြစ်​သဖြင့်​သူမ၏ကိုယ်​သင်းရနံ့​လေးကိုတဝကြီးရှုရှိုက်​ရသည်​။အောက်​သို့​ရောက်​​သောအခါကျွန်​​တော်​နှုတ်​ဆက်​ခဲ့ပါသည်​။
"ညီမသွား​တော့မယ်​​နော်​​နောက်​​တွေ့ရင်​တစ်​ခုခုလိုက်​​ကျွေးပရ​စေ​နော်​"
"ဟုတ်​ကဲ့"
ကျွန်​​တော်​တို့လည်းထွက်​လာခဲ့သည်​။ကောင်​မ​လေးမှာ​တော့ဘာကို​စောင့်​​နေမှန်းမသိကျန်​ခဲ့သည်​။

ခဏသာ​တွေ့ဖူး​သောမိန်းက​လေးတစ်​​ယောက်​ကိုချစ်​မိသွား​သောကျွန်​​တော်​မှာ​မ​နေနိုင်​ပဲမြို့သစ်​ဘက်​ကို
ခြေဦးလှည့်​ကာရှာပုံ​တော်​ဖွင့်​​သော်​လည်းမ​တွေ့​ပေကံ
ကြမ္မာကဦးစား​ပေး​သောအခါကြုံဆုံမှုကဆန်းကြယ်​သည်​​ဆေးခန်းမှာ​တွေ့ရခြင်းဖြစ်​သည်​။
"ညီမ​နေမ​ကောင်းဘူးလားမှတ်​မိလားဟင်​"
"ဪဘုရား​ပေါ်မှာ​တွေ့တာ​မှတ်​လားသိပါတယ်​"
သူမကြည့်​ရတာ​တော်​​တော်​ဖြစ်​​နေပုံ​ပေါ်သည်​။ဖြူဖပ်
ဖြူ​ရော်​နဲ့။
"​နေမ​ကောင်းဘူးလားညီမ"
"ဟုတ်​"
"ဘာဖြစ်​တာလဲဟင်​ဂရုစိုက်​မှ​ပေါ့တစ်​​ယောက်​ထဲလာတာလား"
"ဟင့်​အင်းအ​မေပါတယ်​ဒီနားခဏသွားလို့အကို​ရောဘာလာလုပ်​တာလဲဟင်​"
"အကိုက​ဆေးလာဝယ်​တာပါ​ခေါင်းကိုက်​လို့"
"ဟုတ်​ကဲ့"
ဆေးဝယ်​ပြီးကျွန်​​တော်​သူမကို​စောင့်​​နေမိသည်​။သူမ
ပြန်​ထွက်​လာသည်​။သူ့အ​မေကတွဲလို့သက်​သာဟန်​မတူ​ပေ။
"အန်​တီရလားဘာကူညီရမလဲမသိဘူးညီမရလားဟင်​"
"သူ​ခေါင်းအရမ်းမူး​နေလို့သားရယ်​ကား​တား​ပေးပါလားကွယ်​"
"ဟုတ်​အန်​တီ"
ကျွန်​​တော်​ကားငှါး​ပေးပြီး​သူမကိုတင်​​ပေးကာ​ခေါင်းခန်းမှကျွန်​​တော်​သူတို့အိမ်​ထိလိုက်​သွားလိုက်​သည်​။သူမကိုတွဲချ​ပေးပြီးနှုတ်​ဆက်​ကာကျွန်​​တော်​ပြန်​လာခဲ့သည်​။နောက်​ပိုင်းသူနဲ့ခဏခဏ​တွေ့ဖြစ်​ကြသည်​။
"နှင်းကိုစကားတစ်​ခွန်း​လောက်​​ပြောပရ​စေ​နော်​"
"ဒီ​နေ့မှာဘာဖြစ်​​နေတာလဲ​ပြော​လေ"
"အကို​လေနှင်းကိုချစ်​တယ်​စေ​တွ့တယ့်​​နေ့ကတည်းကချစ်​တာပါယုံ​ပေးပါ​နော်​"
"ဟင်​အကိုကလည်း"
"ယုံ​ပေးမှာလား​ပြော​လေနှင်း"
"ဟုတ်​ယုံပါတယ်​"
"ဝမ်းသာလိုက်​တာနှင်းရယ်​အကို့ကိုချစ်​တယ်​​ပေါ့​နော်​ဟုတ်​လား"
"အယ်​လူဆိုးကြီး"
သူတို့နှစ်​​ယောက်​ချစ်​သက်​တမ်းနှစ်​လပြည့်​မှာ​လောကကြီးကသူတို့နှစ်​​ယောက်​ကိုရက်​ရက်​စက်​စက်
"ဘာအန်​တီနှင်းမှာ​သွေးကင်​ဆာဖြစ်​​နေပြီဒါ​နောက်​ဆုံးလဟုတ်​လားအန်​တီ"
"ဟုတ်​တယ်​သားအရင်​ကတည်းကအန်​တီ​ပြောမလို့ပါသားစိတ်​ထိခိုက်​မှာဆိုးလို့ပါသားရယ်​"
"ဟာဗျာအန်​တီရာခုမှ​ပြောရလားဗျာ"
"သူဒီတစ်​လပဲ​နေရ​တော့မှာပါသားရယ်​အရင်​ကထက်​အလိုလိုက်​​ပေးပါ​နော်​"
ကျွန်​​တော့်​ရင်​ထဲပူ​လောင်​ကာဘာမှ​ပြောမထွက်​ပဲစကားလုံးများကမျက်​ရည်​များအဖြစ်​သာထွက်​ကြလာသည်​။
``အချစ်​ရဲ့စလုံး​ရေစမှာပူ​ဆွေးမှု​တွေနဲ့​နောက်​ဆုံး
တွေ့ဆုံခြင်းကစည်းတစ်​ခုခြားလို့...........
ဟိုးအ​ဝေးဆုံးဘယ်​သူမှမ​တွေ့နိုင်​တယ့်​​လောက
မ​ရောက်​ချင်​တယ့်​​နေရာ..............
မင်းသွားခဲ့ရင်​ငါလိုက်​ပရ​စေချန်​ထားခဲ့လည်း
မှောင်​ခိုလက်​မှတ်​နဲ့ငါအရလိုက်​ခဲ့မယ်​"´

"နှင်း​နေ​ကောင်းတယ်​​နော်​"
သူမ​ခေါင်းသာငြိမ့်​ပြနိုင်​သည်​သွင်းထားတယ့်​​ဆေးပိုက်​​တွေကရှုပ်​ရှက်​ခက်​လို့​အောက်​ဆီဂျင်​ပိုက်​ကလည်းတန်းလန်းကြီး။
"နှင်း​နေသာတယ်​​နော်​အကိုရှိတယ်​​နော်​နှင်းအားတင်းထား​နော်​"
"အကိုနှင်းကိုချစ်​လားဟင်​"
"ဘယ်​လို​ပြောလိုက်​တာလဲနှင်းရယ်​အရမ်းချစ်​ပါတယ်​ကွာ"
"ဘယ်​လိုချစ်​မှာလဲဟင်​"
"နှင်းအခက်​အခဲရှိတယ့်​အခါနှင်း​ရှေ့မှာရပ်​တည်​​ပေးမယ်​၊နှင်းဝမ်းနည်းတယ့်​အခါနှင်း​ဘေးကအား​ပေး​နေမယ်​၊နှင်း​ပျော်​ရွှင်​တယ့်​အခါနှင်း​နောက်​မှာရှိ​နေ​ပေးမယ်
အကို့အချစ်​ကနှင်းအတွက်​ပါ"
"ဝမ်းသာလိုက်​တာကိုယ်​ရယ်​"
သူမငြိမ်​သက်​သွားသည်​အ​ဝေးဆုံးကိုထွက်​သွားပြီပြန်​​တွေ့ဖို့က..............
မနှင်းဝတ်​ရည်
အသက်​(၂၀)
ထိုနာ​ရေးဆိုင်းဘုတ်​​လေး၏​ရှေ့တွင်​​ကောင်​​လေးတစ်​​ယောက်​ရပ်​ကြည့်​​နေသည်​။မျက်​ရည်​​တွေနဲ့ဒါ​ပေမယ့်​သူပြုံး​နေတယ်​။
"အ​ဒေါ်နှင်းဝတ်​ရည်​ဆုံးသွားပြီ​ပေါ့​နော်​"
"အင်းသား​လေးရယ်​သားသူငယ်​ချင်း​လေး​ရောသူလာ​တောင်​မလာဘူး​နော်​အရမ်းဝမ်းနည်း​နေလားဟင်​"
"ဘယ်​သူ့ကို​မေးတာလည်းအန်​တီ"
"​မောင်​ဇွဲထက်​သာ​လေသားရယ့်​"
"ဟင်​အန်​တီကျွန်​​တော်​နားမလည်​ဘူးဇွဲထက်​သာဆုံးတာတစ်​လပြည့်​ပြီ​လေနှင်းဝတ်​ရည်​လဲသိတယ်​​လေသူအက်​စီးတန့်​ဖြစ်​ပြီးဆုံးတာ​လေဒီ​နေ့တစ်​လပြည့်​ပဲ
သူမဆုံးခင်​တဖွဖွ​ပြောသွားတယ်​သူကိုကျွန်​​တော်​တကယ်​ချစ်​တာပါတယ့်​"
မြစ်​ကမ်း​လေး​ဘေးကထိုင်​ခုံ​လေးတွင်​ချစ်​သူနှစ်​​ယောက်​စကား​ပြော​နေကြသည်​။
"ချစ်​လားဟင်​"
"ချစ်​တာ​ပေါ့"
"ဘယ်​​လောက်​ထိချစ်​လဲဟင်​"
"​သေသည်​အထိ"
နောက်​စုံတွဲနှစ်​​ယောက်​​ရောက်​လာသည်​။
"အချစ်​အဲခုံမှာမထိုင်​နဲ့​လေမှား​တော့မယ်​"
"ဘာဖြစ်​လို့လဲကိုယ်​"
"အဲခုံမှာသရဲရှိတယ်​တယ့်​ထိုင်​မိတယ့်​သူ​တွေတွန်းချခံရတယ်​တယ့်​"
ခုံတန်း​လေးတစ်​ခုမှာထိုင်​သူတစ်​​ယောက်​မှမရှိဖုန်​​လေး​တွေတက်​လို့ခုံတန်း​လေးရဲ့​နောက်​မှီ​လေးမှာဓါးနဲ့ထွင်းပြီး​ရေးထားတာ​လေးက​တော့အထင်းသားမြင်​ရ​သေးသည်​။
သူ့ကိုကျွန်​​တော်​တကယ်​ချစ်​ခဲ့တာပါ
ဇွဲ+နှင်း
ဆိုတယ့်​စာ​လေးပါပဲ................

"တကယ်​ချစ်​တယ့်​သူ​တွေအတွက်​​.........
ဝေးကွာချင်းဆိုတာမရှိပါဘူး........
တမလွန်​ဘဝ​ရောက်​ခဲ့ရင်​​တောင်​ပြန်​လာဖို့က......
နီးနီး​လေးပါ........"
#အွန်​လိုင်းဝိညာဉ်

#Copyမဟုတ်​​ကြောင်းလုံးဝအာမခံသည်​ကိုယ်​တိုင်​​ရေးသည်​။တစ်​ခုခုခံစားရရင်​comment​ပေးခဲ့ပါ

No comments:

Post a Comment