Sunday, August 2, 2015

မိုး​ရေထဲမှာ​တွေ့ကြသည်

^မိုး​ရေထဲမှာ​တွေ့ကြသည်​^

အ​နောက်​​တောင်​အရပ်​မှညို့မှိုင်းလျက်​ရှိ​သောတိမ်​တိုက်​ကြီးသည်​​နေမင်း၏အလင်း​ရောင်​ကိုကြံ့ကြံ့ခိုင်​ပိတ်​ဆို့ထားသည်​။နေ၏အလင်း​ရောင်​ကွယ်​သဖြင့်​​လေတို့မှာလည်း​မြူးတူး​နေကြသည်​။မိုးနံ့​​လေနံ့များကိုလည်းရှုရှိုက်​မိ​လေသည်​။လမ်းများမှာလည်းလူအသွားပျက်​လျှက်​ရှိသည်​။အချိန်​မှာည၇နာရီခန့်​ကားမှတ်​တိုက်​တွင်​​ကောင်​မ​လေးတစ်​​ယောက်​မှာကား​ပေါ်မှဆင်း၍မိုး​တွေရွာ​နေသဖြင့်​မှတ်​တိုင်​​လေးတွင်​ရပ်​​စောင့်​​နေသည်​။
"ဒီ​နေ့မှထီးကလည်းပါမလာဘူးဒုက္ခပါပဲလူကပျက်​ပါတယ်​ဆို​နေမှ"
မိုးကလည်းတ​ဝေါ​ဝေါနှင့်​သဲသဲမဲမဲရွာ​နေသည်​ကားများမှာလည်းတစ်​ဝီးဝီးနှင့်​ဖြတ်​​မောင်းသွားကြသည်​သူမကားရပ်​​စောင့်​​နေ​သောမှတ်​တိုင်​တွင်​လည်းသူတစ်​​ယောက်​ထဲဖြစ်​သည်​။ကြောက်​စိတ်​က​တော်​​​လေးပင်​ငယ်​ထိပ်​​ရောက်​​နေပြီဖြစ်​သည်​။ထိုစဉ်​လူတစ်​​ယောက်​သူ​ရပ်​​နေ​သောမှတ်​တိုင်​တွင်​ထီးတစ်​​ချောင်းနှင့်​လာ၍ရပ်​သည်​။သူမှာ​ဘေးဘီဝဲယာသို့လည်းမကြည့်​​ပေ။သူမလည်းထီးပါ​သောလူမြင်​သဖြင့်​အားတက်​သွားသည်
လူမလျှပ်​တစ်​ပြက်​အတွင်းထိုသူကိုအကဲခက်​လိုက်​သည်​။ကောင်​​လေးများ၂၀ပတ်​ဝန်းကျင်​​လောက်​ပင်​ရှိ​သေးပုံ​ပေါ်သည်​​ဖြောင့်​စင်း​သောနှာတံနှင့်​​ယောကျာ်းပီသမည့်​ရုပ်​မျိုးဖြစ်​သည်​အသားမှာအလယ်​အလတ်​​လောက်​ပင်​ဖြစ်​သည်​။သူဆီမှနိုင်​ငံခြားသီချင်းဖြစ်​​သောi miss you သီချင်းကိုခပ်​တိုးတိုးဖွင့်​ထားသည်​။သူ
မလည်းမရဲတစ်​ရဲနှင့်​စကားစလိုက်​သည်​။
"ဒီမယ်အကိုညီမကိုတစ်​ခု​လောက်​ကူညီပါလားဟင်​"
"ဟုတ်​ကဲ့​ပြောပါ"
ယဉ်​ယဉ်​​ကျေး​ကျေးနဲ့အသံကအသံဩဇာနှင့်​ပြည့်​စုံသည်​ဟုသူမမှတ်​ယူလိုက်​သည်​။
"ညီမ​လေဒီမှာမိုးတိတ်​မလားလို့​စောင့်​​နေတာ၇နာရီကတည်းကပါခု၇နာရီ​တောင်​ခွဲ​တော့မယ်​မိုးကသည်းတုန်းပဲအိမ်​ကစိတ်​ပူ​နေ​တော့မှာအဲတာ​လေထီးနဲ့လိုက်​ပို့လို့ရမလားဟင်​အိမ်​ကသိပ်​မ​ဝေးပါဘူးအ​ရေးကြီးတယ့်​စာရွက်​​တွေစိုကုန်​မှာဆိုးလို့ပါကူညီမလားဟင်​"
"ရပါတယ်​ကျွန်​​တော်​လိုက်​ပို့​ပေးပါမယ်​"
သူတစ်​ပါးကိုကူညီတက်​​သောစိတ်​ထားရှိသည်​ဟုလည်းသူမသက်​မှတ်​လိုက်​သည်​။သူမလည်းအရပ်​ပုသဖြင့်​သူမိုး​ပေး​သောထီး​အောက်​မှပဲလိုက်​လိုက်​သည်​။
"အကိုရလားကျွန်​မထီးကိုကိုင်​ရမလားဟင်​"
"ရပါတယ်​မင်းမှာအထုပ်​အပိုး​တွေနဲ့​လေ"
ကောင်း​လေးမှာ​ကောင်​မ​လေးကိုသာလုံ​အောင်​မိုး​ပေးသည်​။သူ့က​တော့​တော်​​တော်​ပင်​မိုး​ရေရွှဲ​နေပြီဖြစ်​သည်​။
"အကိုစို​နေပြီ​နော်​အားနာလိုက်​တာ"
"ရပါတယ်​ကျွန်​​တော်​ကဘာမှမဖြစ်​ပါဘူး"
သူ့ပုံစံမှာ​အေးတိ​အေးစက်​နဲ့ဘာမှလည်းလည်းသိပ်​မ​ပြောပါ​မေးထူး​ခေါ်​ပြောပဲ​နေသည်​တစ်​ခြား​ကောင်​​လေး​တွေနဲ့မတူဟုသူမ​တွေးမိသည်​။မိုးကလည်း​တော်​​တော်​သည်း​နေသည်​။ဘေးနားမှာလည်း​မှောင်​မဲလို့မိုး​ရေ​တွေနဲ့ဆို​တော့ပိုဆိုးသည်​။ကျွန်​မအိမ်​နားကို​ရောက်​လာသည်​။ထီး​လေးနဲ့​မောင်​​လေးကလာကြို​နေသည်​။
"​ဟောဟိုမှာ​မောင်​​လေးရယ်​အကို့ရပြီ​နော​ကျေးဇူးပါအကျီ​တွေလည်းစို​နေပြီအားနာလိုက်​တာအိမ်​ကိုခဏဝင်​ပါလားဟင်​"
"ရပါတယ်​ကျွန်​​တော့်​အိမ်​က​ရှေ့လမ်းမှာပါ"
"​ကျေးဇူးပါ​နော်​အကို"
"ဟုတ်​ကဲ့"
သူမ​တော့ခပ်​သုတ်​သုတ်​ပင်​သူမ​မောင်​​လေးနဲ့အိမ်​ကို
ပြန်​လာခဲ့သည်​။သူမ​နောက်​သို့တစ်​ချက်​လှည့်​ကြည့်​လိုက်​သည်​။ထီးကို​ဆောင်းလို့ပြန်​​လျှောက်​သွားတယ့်​​ကောင်​​လေးသူ့ကို​တောင်​လှည့်​မကြည့်​ပဲသွား​နေသည်​။သူမလည်းအိမ်​​ရောက်​အဝတ်​အစားလဲထမင်းစား
ပြီးသူမထို​ကောင်​​လေးအ​ကြောင်းကို​တွေးမိသည်​ထူး​တော့ထူးဆန်းသည်​သူဖွင့်​ထားတယ့်​သီချင်း​လေးက
I miss you...
"ငါဒီသီချင်းကိုသိတယ်​အဲတာi miss youဆို
တယ့်​သီချင်းပဲအဲတာရှာကြည့်​ဦးမယ်​"
သူမသည်​လက်​ကိုင်​ဖုန်းကိုယူလိုက်​ကာinternetမှထိုသီချင်းကိုရှာ​ဖွေလိုက်​သည်​​နောက်​ဆုံးသူမ​တွေ့လိုက်​သည်​သနားစရာအလွမ်းသီချင်း​လေးဖြစ်​​နေသည်​။
Mtvပုံ​လေးမှာ​ကောင်​​လေးမှာကားတိုက်​​သေသွားပြီ
ဖြစ်​​သော်​လည်းသူမကြိုက်​​သော​ကောင်​မ​လေးကိုလိုက်​၍​စောင့်​​ရှောက်​​နေပုံ​လေးဖြစ်​သည်​သူမလည်းညာဉ့်​နက်​ပြီဖြစ်​သဖြင့်​အိပ်​လိုက်​သည်​။

မနက်​ခင်းရဲ့အလင်း​ရောင်​သည်​သူမ၏အိပ်​ခန်းထဲသို့တိုးဝင်​လာသည်​။ညကရွာခဲ့​သောမိုးသည်​ခုသူရွာထားသည်​မဟုတ်​သလိုငြိမ်​​နေသည်​။သူမနိုးလာသည်​နာရီကိုတစ်​ချက်​ကြည့်​လိုက်​သည်​မနက်​၇နာရီသူမထ​နေ
ကြအချိန်​ဖြစ်​သဖြင့်​ထလိုက်​သည်​။သွားတိုက်​မျက်​နှာသစ်​ရင်းညကအ​ကြောင်းပြန်​စဉ်းစားမိသည်​။
"လမ်းမှာ​တွေ့ရင်​​ကျေးဇူးစကား​ပြောဦးမှနာမည်​​တောင်​မ​မေးလိုက်​ရဘူး"
သူမလည်းရုံးသွားဖို့ပြင်​ဆင်​ပြီးလမ်းကိုထွက်​ခဲ့သည်​ဟို​နေ့က​ကောင်​​လေးကို​တွေ့မလားလို့သတိထားပြီးရှာသည်​မ​တွေ့ပါသူမလည်းညကဘက်​စ်​ကားမှတ်​တိုင်​​လေးတွင်​ကား​စောင့်​စီးပြီးရုံးသို့သွားလိုက်​သည်​။ရုံးအလုပ်​အားချိန်​တွင်​သူမညက​downloadဆွဲထား​သောသီချင်း​လေးကိုပြန်​ကြည့်​​နေသည်​။တဖြည်းဖြည်းနဲ့ရုံးဆင်းချိန်​ကို​ရောက်​လာသည်​။ပြန်​​နေကြပုံအတိုင်းပဲကားစီးကာပြန်​လာခဲ့သည်​။ဘက်​စ်​ကားမှတ်​တိုင်​​လေးတွင်​ဆင်းခဲ့သည်​။မ​နေ့က​ကောင်​​လေးရှိမလားဟုကြည့်​မိ​သေးသည်​မရှိ​ပေ။သူမကားမှတ်​တိုင်​​လေးကထွက်​ပြီးခပ်​သုတ်​သုတ်​လမ်း​လျှောက်​ပြန်​ခဲ့သည်​။သူတို့လမ်းထဲအဝင်​မ​နေ့က​ကောင်​​လေးနဲ့ပြန်​​တွေ့သည်​သူမလည်းဝမ်းသာအားရနှင့်​နှုတ်​ဆက်​လိုက်​သည်​။
"အကိုကျွန်​မကိုမှတ်​မိလားဟင်​ဟို​နေ့ကထီးနဲ့လိုက်​ပို့တာ​လေ"
"ဟုတ်​ကဲ့"
သူမ​နေ့ကဖွင့်​​သောi miss you သီချင်းကိုပဲဖွင့်
ထားသည်​။
"အကိုကအဲဒီသီချင်းကိုကြိုက်​တယ်​နဲ့တူတယ်​​နော်​"
"ဟုတ်​ကဲ့တိုက်​ဆိုင်​မှု​လေး​ရှိလို့ပါ"
"မ​နေ့က​ကျေးဇူးတင်​စကား​တောင်​​ကောင်း​ကောင်းမ​ပြောလိုက်​ရဘူးအားနာလိုက်​တာ​"
"ရပါတယ်​ကျွန်​​တော့်​အတွက်​အ​ရေးမကြီးပါဘူး"
"ကျွန်​မနာမည်​ကနှင်းဆီဖြူပါအကို့နာမည်​က​ရော"
"ဇွဲထက်​သာပါ"
ပြောရင်းဆိုရင်းသူမ၏အိမ်​​ရှေ့ကို​ရောက်​လာသဖြင့်​နှုတ်​တက်​ပြီးအိမ်​ထဲသို့ဝင်​လာမိသည်​။သူမအိပ်​ရာဝင်​​သောအခါတွင်​လည်းထိုသီချင်းကိုနား​ထောင်​မိသည်​။
မနက်​ရုံးသို့​ရောက်​​သောအခါထိုသီချင်းကိုနား​ထောင်​​နေသည်​ထိုအခါသူ၏သူငယ်​ချင်းမှ
"ဪ...နင်​လည်းအဲသီချင်းအ​ကြောင်းကိုသိသွားပြီ​ပေါ့စိတ်​ဝင်​စားလို့နား​ထောင်​​နေတာလား"
"ဟင်​ဘာအ​ကြောင်းလဲမသိပါဘူး"
"တကယ်​မသိတာလားဟ"
"တကယ်​ပါ​ပြောပြပါလား"
"နင်​ဆင်းတယ့်​မှတ်​တိုင်​မှာ​လေ​ကောင်​​လေးတစ်​​ယောက်​လွန်​ခဲ့တယ့်​တစ်​လ​လောက်​ကသူ့ရည်းစားကို​စောင့်​​နေရင်းကားကဘရိတ်​​ပေါက်​ပြီးဝင်​တိုက်​လို့​ကောင်​​လေးပွဲချင်းပြီး​သေတာ​လေအဲဒီမှတ်​တိုင်​မှာညပိုင်းဆို​ကောင်​​လေးတသ်​​ယောက်​ထီး​လေးနဲ့အဲသီချင်းကိုဖွင့်​ပြီး​စောင့်​​နေတယ်​တယ့်​အဲတာ​ကြောင့်​ညပိုင်းအဲနားကလူပျက်​တာဟ"
"နင်​တို့ကလည်း​လျှောက်​​ပြောပြီငါဘာမှမ​တွေ့ပါဘူးဟ"
သူမမယုံ​ပေယုံတမ်း​တွေ​လျှောက်​​ပြော​နေတာ​ပေါ့ဟုစိတ်​ထဲ​တွေးလိုက်​သည်​။ည​နေရုံးဆင်းချိန်​ပြန်​​နေကြအတိုင်းပြန်​ကြသည်​။ကား​ပေါ်တွင်​သူမ​ဘေးတွင်​အ​ဒေါ်
ကြီးတစ်​​ယောက်​ထိုင်​​နေသည်​။
"............မှတ်​တိုင်​ပါလား"
သူမဆင်း​နေကြမှတ်​တိုင်​ဖြစ်​သဖြင့်​​ပြောလိုက်​သည်​။
"ပါတယ်​ရှင့်​"
ဘေးနားကအ​ဒေါ်ကြီးကသူ့ကိုတစ်​အံ့တစ်​​အောကြည့်​ကာ...
"သမီးအဲဒီမှာဆင်းမှာလားမဆင်းပါနဲ့လား"
"ဘာလို့လဲအန်​တီ"
"အဲဒီမှတ်​တိုင်​မှာ...........ဖြစ်​သွားတာ​လေ​ကောင်​​လေးနာမည်​ကဇွဲထက်​သာတယ့်​အန်​တီသတင်းစာမှာဖက်​လိုက်​ရတာအဲ​ကောင်​​လေးက​ခြောက်​တယ်​တယ့်​သီချင်းသံ​လေး​ပေးပြီးဘာဟို​လေi miss youဆို
လားအဲဒီသီချင်းသံကြားရတယ်​တယ့်​"
"​ကျေးဇူးပါသတိ​ပေးတာဒါ​ပေမယ့်​ကျွန်​မမယုံပါဘူး"
သူမမှတ်​တိုင်​အ​ရောက်​ဆင်းလာခဲ့သည်​။မိုးကရုတ်​တစ်​ရက်​ရွာချလိုက်​သည်​။
"ဟာထီးကလည်းမပါပြန်​ဘူး"
သူမရပ်​​စောင့်​ရင်းစဉ်းစားမိသည်​..
"ဇွဲထက်​သာ...ဟင်​ဟိုဟိုနာမည်​တူ​နေပါလားတကယ်​လားမသိဘူး"
ထိုစဉ်​​ကောင်​​လေးတစ်​​ယောက်​ထီးနှင့်​လာရပ်​သည်​သီချင်းကဖွင့်​ထားလို့​သေချာပါသည်​i miss you
သီချင်း။သူမမရဲတစ်​ရဲ​မေးလိုက်​သည်​။
"ဟို...ကိုဇွဲထက်​သာလား"
"​ကောင်​​လေးကလှည့်​၍​ခေါင်းငြိမ့်​ပြသည်​မျက်​နှာက
ဖြူဖြူကြီး....။သူမဘာမှမစဉ်းစား​တော့ပဲအထိတ်​တစ်​လန့်​နဲ့မိုးရွာထဲ​ပြေးထွက်​လိုက်​သည်​ကားမီး​ရောင်​နှင့်​အတူကားတစ်​စီး​ရှောင်​ချိန်​မရလိုက်​​ပေသူအ​နောက်​ဆုံးကြားလိုက်​သည်​ကားဘရိန်​အုပ်​သံပြီး​တော့ဝုန်းခနဲ
သူမလဲ​နေသည်​သို့​သော်​မျက်​လုံးကကားမှတ်​တိုင်​ကို
ကြည့်​​လိုက်​သည်​သူ့ကိုစိုက်​ကြည့်​လို့.......။နောက်​အ​မှောင်​အတိ။
#အွန်​လိုင်းဝိညာဉ်
#Copyလုံးဝမဟုတ်​ပါကိုယ်​တိုင်​​ရေးဖြစ်​သည်​။

No comments:

Post a Comment