Thursday, August 6, 2015

ဝိညာဉ်​ကိုယ်​ရံ​တော်

❤❤❤❤❤❤ဝိညာဉ်​ကိုယ်​ရံ​တော်​(၁)❤❤❤❤❤❤❤❤
"​တောက်​...မိုးကလည်းရွာနိုင်​လွန်းတယ်​"
မျက်​နှာခပ်​လက်​လက်​​ဖြောင့်​စင်း​သောနှာတံ​ကအ​ဝေးမှလှမ်းကြည့်​လျှင်​ပင်​ထင်းခနဲမြင်​နိုင်​​သောမျက်​လုံးမျက်​ခုံး​ကောင်း​သော​ယောကျာ်းတစ်​​ယောက်​ဟုသိနိုင်​ပါသည်​။မိန်းက​လေးများ၏နှလုံးသားကိုညို့ယူဆွဲငင်​နိုင်​​လောက်​​အောင်​စူးရှတယ့်​မျက်​လုံးကိုပိုင်​ဆိုင်​ထားသူ
သူ့နာမည်​က"လွမ်း​ဝေ​နောင်​"နယ်​မြို့​လေးတစ်​မြို့ရှိတိုက်နယ်ဆေးရုံ​လးမှလက်​ထာက်ဆရာဝန်တစ်ဦး​​​ဖြစ်သည်​​။သူဒီ​နေ့အပြင်​ထွက်​လာကာမှမိုးကသည်း​နေချင်းပင်​ဖြစ်​သည်​။ဖုန်းကပါ​နေသဖြင့်​သူပြန်​မရ​သေးတာဖြစ်​သည်​။သူနာရီကိုကြည့််​လိုက်​မိုး၏အ​ခြေအ​နေကိုကြည့်​လိုက်​နဲ့ဖြစ်​​နေသည်​။
"ဟာ​နောက်​ကျ​တော့မှာပဲ"
မိုးကရွာသည့်​အပြင်​​လေကလည်း​တော်​​တော်​ပင်​တိုက်​​နေသဖြင့်​ဆိုင်​ကယ်​ကစီး၍မရ​ပေနီးရာလူမရှိ​သောဆိုင်​​ဟောင်း​လေးတွင်​မိုးဝင်​ခို​နေခြင်းပင်​ဖြစ်​သည်​။သူ​နောက်​ကျလို့​တော့မဖြစ်​​ပေ။သူ​ဘေးဘီဝဲယာကိုကြည့်​လိုက်​သည်​မျက်​​စောင်းထိုး​လောက်​တွင်​စတိုးဆိုင်​တစ်​ဆိုင်​ကို​တွေ့လိုက်​သည်​။
"ဟာဟုတ်​ပြီ"
သူအမြန်​​ပြေးသွားလိုက်​သည်​။
"အမဖုန်း​ရေစိုခံအိတ်​​လေးရှိလား"
"ဟုတ်​ကဲ့ရှိပါတယ်​"
"တစ်​အိတ်​​လောက်​မြန်​မြန်​​ပေးပါ"
သူ​ရေစိုခံအိပ်​ဝယ်​ကာဖုန်းကိုထည့်​ပြီးနာရီ​လေးကိုကြည့်​လိုက်​သည်​။
"ဟာ​တော်​​တော်​​နောက်​ကျ​နေပြီမြန်​မြန်​သွားမှပဲ"
သူဆိုင်​ကယ်​ကိုစက်​နိုးလိုက်​ပြီးတန်း​မောင်းထွက်​သွားသည်​။လေကလည်းတိုက်​မိုးကလည်းသည်း​နေသဖြင့်​မြင်​ကွင်းမှာ​ဝေဝါး​နေသည်​။ရုတ်​တစ်​ရက်​​ရှေ့မှထီးအဝါ​ရောင်​​လေးနှင့်​​ကောင်​မ​လေးတစ်​​ယောက်​လမ်းကိုဖြတ်​ကူးလိုက်​သည်​။
"ဟာ"
သူဟွန်းကိုတီခနဲတီးလိုက်​ပြီးbrakeကိုလည်းအတင်းအုပ်​လိုက်​ရသည်​။ကောင်​မှာ​လေးမှာ​ကြောက်​အားလန့်​အားနဲ့ထီးကိုပင်​လွတ်​ချလိုက်​ပြီး​ချော်​လဲသွား​သည်​။
လွမ်း​ဝေ​နောင်​မှာဆိုင်​ကယ်​​ပေါ်က​ပြေးဆင်းကာ​မေးလိုက်​သည်​။
"ဟာညီမကလဲလမ်းကိုကြည့်​ပြီးမှကူး​လေဗျာအသက်​​သေချင်​​နေတာလား"
သူနည်းနည်း​ဟောက်​လိုက်​သည်​။ကောင်​မ​လေးမှာတုန်​တုန်​ရီရီနဲ့မပွင့်​တစ်​ပွင့်​​လေသံ​ဖျော့​ဖျော့​လေးနဲ့ပြန်ေ
ပြာသည်​။
"မ...မဟုတ်​ပါဘူးရှင်​ကျွန်​မလည်းရုတ်​တစ်​ရက်​မိုလို့ပါ"
မျက်​နှာမှာဖြူဖပ်​ဖြူ​ရော်​​လေးဖြစ်​သွားသည်​။လေသံကလည်း​ဖျော့​တော့​တော့နဲ့သူမအ​တော်​ပင်​လန့်​သွားဟန်​တူသည်​။လွမ်း​ဝေ​နောင်​လည်းသနားမိသွားသည်
"ညီမနာသွား​သေးလားဘာဖြစ်​သွားတာလဲဟင်​အကိုက​စေသနာနဲ့​ပြောတာပါ"
"ရပါတယ်​"
သူမပြန်​​ပြောလိုက်​ကာထီး​လေးကို​ကောက်​ယူ၍ထွက်​သွားသည်​ရက်​ဘက်​ကိုလက်​က​လေးနဲ့ဖိလို့သူမ​တော်​​တော်​လန့်​သွားသည်​ဟုထင်​သဖြင့်​လှမ်း​မေးလိုက်​သည်​။
"ညီမတစ်​ကယ်​ဘာမှမဖြစ်​ဘူး​နော်​"
သူမဘာမှမ​ပြောပဲလွမ်း​ဝေ​နောင်​ဘက်​သို့လှည့်​ကာ​ခေါင်းငြိမ့်​ပြီးမချိပြုံး​လေးပြုံးပြလိုက်​သည်​။လွမ်း​ဝေ​နောင်​လည်းဆိုင်​ကယ်​ပြန်​စီးသွားလိုက်​သည်​။
မိုး​ကောင်းကင်​ကြီးက​တော့ညှာတာမှုမရှိပဲတစ်​အိအိနဲ့မျက်​ရည်​​တွေလိုကြဆင်း​နေဆဲဝုန်းခနဲဒိုင်းခနဲလျှပ်​စီးသံ​တွေကမည်​ဟီး​နေသည်​။
*******************************************
ထီးအဝါ​ရောင်​​လေးနဲ့​ကောင်​မ​လေးတစ်​​ယောက်​မျက်​နှာကလည်းဖြူဖပ်​ဖြူ​ရော်​နဲ့​ခြေလှမ်းကယိုင်​နဲ့နဲ့​တစ်​လှမ်းခြင်းလမ်း​လျှောက်​လာသည်​။သူမတိုက်​တစ်​လုံး​ရှေ့တွင်​လူ​ခေါ်ဘဲလ်​​လေးကိုနှိပ်​လိုက်​သည်​။အိမ်​ထဲမှခပ်​သုတ်​သုတ်​နဲ့​ကောင်​မ​လေးတစ်​​ယောက်​တံခါးလာဖွင့်​​ပေးလိုက်​သည်​။
"ဟယ်​မမ​လေးအန်​တီကစိတ်​ပူ​နေတာမိုးရွာကြီးကိုထွက်​သွားလို့"
"အင်းပါဟာငါမုန့်​သွားဝယ်​တာပါဟ"
"​ရေ​တွေလည်းစိုလို့အိမ်​ထဲကိုဝင်​​လေမမ​လေး"
သူမအိမ်​ထဲသို့ဝင်​လိုက်​သည်​။
"သမီး​ဆောင်းနှင်းသူဘယ်​သွား​နေတာလဲ"
"မုန့်​သွားဝယ်​တာပါအ​မေ"
"ဟယ်​​ရေ​တွေစိုလာတယ်​နင်​​တော့​နော်​ဖျား​နေတာကို"
"ရပါတယ်​အ​မေသမီးဘာမှမဖြစ်​ပါဘူး"
"အဝတ်​မြန်​မြန်​လဲရ​အောင်​လာလာ"
ဆောင်းနှင်းသူမှာ​နောက်​ကလိုက်​ရင်းရင်​ဘက်​ထဲကစူးခနဲ​အောင့်​လာသဖြင့်​ရင်​ဘက်​ကိုလက်​ဖြင့်​ဖိလိုက်​သည်​အမြင်​အာရုံများမှာလည်း​ဝေဝါးလာသဖြင့်​နံရံကိုလက်​တစ်​ဖက်​ဖြင့်​ထိန်းလိုက်​ရသည်​။
"သမီးဘာဖြစ်​တာလဲ..သမီး"
သူ့အ​မေ၏စကားကို​ဆောင်းနှင်းသူပြန်​​မ​ပြောနိုင်​ပဲလဲကျသွား​တော့သည်​။
သူမပြန်​နိုးလာပြီးအရင်​မြင်​လိုက်​ရသည်​ကသူ့အ​မေနှင့်​သူအ​ဖေ
"သမီးသတိရလာပြီ​နော်​သမီးသက်​သာလား"
"သမီးဘယ်​​ရောက်​​နေတာလဲဟင်​"
"သမီးခု​ရောက်​​နေတာ​ဆေးရုံမှာ​လေသမီးမူးလဲသွားလို့"
"သမီးမမှတ်​မိဘူး​အ​မေ"
"သမီးစိတ်​​အေး​အေးထားပါသမီးအနားယူလိုက်​​နော်​"
ကံကြမ္မာကိုအပြစ်​တင်​၍မရသလို​တွေ့ဆုံခွင့်​​ပေး​သောမိုးနက်​မင်းကြီးကို​ကျေးဇူးတင်​ကမလိုပင်​ဖြစ်​​နေသည်​။ကမ္ဘာကြီးက​တော်​​တော်​​လေးကိုကျဉ်းတာပဲ။
ဆေးရုံဝတ်​စုံနဲ့​ကောင်​မ​လေးတစ်​​ယောက်​​ဆေးပုလင်းတိုင်​​လေးကိုကိုင်​လို့​ဆေးရုံ၏​ကော်​ရစ်​တာတွင်​အပန်း​ဖြေလမ်း​လျှောက်​​နေသည်​။သူမလည်း​ဆေးရုံကိုလှည့်​ပတ်​ကြည့်​ရင်း​ကော်​ရစ်​တာ၏အခန်းတစ်​ခန်း​ရှေ့အ​ရောပ်​ဂျူတီကုတ်​ဝတ်​ဆင်​ထား​သော​ကောင်​​လေးတစ်​​ယောက်​သူမရင်းရင်းနှီးနှီးပင်​မြင်​ဖူးသဖြင့်​​တွေ​ဝေ​နေသည်​။
ကောင်​​လေးကလည်းသူ့ကိုအကြည့်​​...........
"ဟင်​ညီမက"
"ဟိုဆိုင်​ကယ်​​မောင်းလာတယ့်​သူ​လေ..."
"ဟုတ်​ပြီကျွန်​​တော်​မှတ်​မိပြီဆိုင်​ကယ်​နဲ့တိုက်​မလိုဖြစ်​တယ့်​​ကောင်​မ​လေး"
"ဟုတ်​ကဲ့"
ဆောင်းနှင်းသူမကြည့်​ရဲကြည့်​ရဲနဲ့ခပ်​ပြုံးပြုံးပင်​လုပ်​​နေလိုက်​သည်​။
"ဒါနဲ့​နေပါဦးညီမကဘာဖြစ်​လို့လဲ"
"ညီမမူးလဲပြီး​ရောက်​လာတာ​လေအဲ​နေ့ပဲ"
"ဟားဟား"
"ဘာရယ်​တာလဲရှင့်​"
"မဟုတ်​ပါဘူးဗျာညီမသတ္တိကိုချီးကျူးချင်​လို့ပါ"
"မဟုတ်​ပါဘူး​နော်​ကျွန်​မရင်​ဘက်​က​အောင့်​ပြီး​ရောက်​လာတာပါ"
"ဟာsorryပါကျွန်​​တော်​ကမသိပါဘူး"
"ရပါတယ်​ကျွန်​မဘာမှမဖြစ်​ပါဘူး"
"ဒါနဲ့နာမည်​က"
"​ဆောင်းနှင်းသူပါ"
"နံမည်​​လေးကလှတယ်​ဗျာကျွန်​​တော့်​နံမည်​လဲမှတ်​ထား​နော်​လွမ်း​ဝေ​နောင်​တယ့်​"
"ဟုတ်​ကဲ့​ဒေါက်​တာလွမ်း​ဝေ​နောင်​​ပေါ့"
"ဟုတ်​ပဗျာဒါနဲ့အပြင်​ထွက်​ပြီးဘာလုပ်​​နေတာလဲ​နေမ​ကောင်း​သေးဘူးမဟုတ်​လား"
"အင်းနည်းနည်း​တော့သက်​သာပါတယ်​ဒါနဲ့​ဒေါက်​တာကဘယ်​သွားမလို့လဲ"
"လူနာသွားကြည့်​မလို့အခန်းနံပတ်​A3ကို"
လွမ်း​ဝေ​နောင်​သူ၏နာရီကိုတစ်​ချက်​ကြည့်​လိုက်​သည်​။
"​နောက်​မှ​တွေ့ကြတာ​ပေါ့မ​ဆောင်းနှင်းသူကျွန်​​တော်​လူနာကြည့်​​နောက်​ကျ​နေပြီ"
"​နောက်​မကျပါဘူး​ဒေါက်​တာA3ကကျွန်​မအခန်းပါ"
"ဪ...ဒါဆိုမ​ဆောင်းနှင်းသူကကျွန်​​တော့်​လူနာပဲကဲလာသွားရ​အောင်​"
သူမလက်​တစ်​ဖက်​ကိုလွမ်း​ဝေ​နောင်​ကတွဲလိုက်​သည်​။ဆောင်းနှင်းသူကရုံးလိုက်​သည်​။
"ဖယ်​ပါ​ဒေါက်​တာရပါတယ်​"
ပြောရင်းဆိုရင်းပင်​သူမ​ရင်​ဘက်​ထဲကစူးခနဲ​အောင့်​တက်​သွားသဖြင့်​​ဘေးမှလက်​ရမ်းကိုလှမ်းကိုင်​လိုက်​ရသည်​။
"ကျွန်​​တော်​​ပြောတယ်​ကဲလာပါဗျာလူနာနဲ့ဆရာဝန်​ပဲ"
လွမ်း​ဝေ​နောင်​​ဆောင်းနှင်းသူကိုတွဲကသူ့အခန်းသို့​ရောက်​​အောင်​ပင်​တွဲ​ခေါ်သွား​တော့သည်​။အခန်း​ရှေ့​ရောက်​​သောအခါသူ့အ​မေကလာတွဲသည်​။
"ဟယ်​သမီးဘာဖြစ်​လို့လဲ"
"မစိုးရိမ်​ပါနဲ့အန်​တီသူနည်းနည်း​အောင့်​သွားတာပါဒီအချိန်​ကသိပ်​လှုပ်​ရှားလို့မရ​သေးဘူး​လေ"
"ကဲသမီး​ဒေါက်​တာ​ပြောတာကြားတယ်​​နော်​သိပ်​လည်းမကြမ်းနဲ့​လေကိုယ်​က​နေ​ကောင်း​သေးတာမဟုတ်​ဘူး"
သူမဘာမှမ​ပြောပဲကုတင်​​ပေါ်သို့ပြန်​လှဲ​နေလိုက်​သည်​။လွမ်း​ဝေ​နောင်​လည်းနားကြပ်​တပ်​လိုက်​ကာ
"စမ်းသပ်​ကြည့်​မယ်​​နော်​"
နားကြပ်​​လေးနှင့်​သူမ၏ရင်​ဘက်​ကို​ထောက်​တာစမ်းသက်​ကြည့်​​နေသည်​။
"အရမ်း​အောင့်​​နေ​သေးလားအသက်​မှန်​မှန်​ရူကြည့်​"
သူမ​ခေါင်းငြိမ့်​ပြသည်​။
"အင်း​ကောင်းပါတယ်​အရမ်း​အောင့်​တယ်​ဆိုရင်​ည​နေကြ​ဆေးထိုး​ပေးမယ်​​နော်​"
"ရှင်​...​ဆေးထိုးမှာ"
"ဘာလို့လဲမ​ဆောင်းနှင်းသူသိပ်​မနာပါဘူး"
သူမ​ဆေးထိုးခံရတာ​တော့​ကြောက်​သည်​နှင့်​တူသည်​။လွမ်း​ဝေ​နောင်​လည်းသူမ၏အ​မေကို​ခေါ်လိုက်​ကာအပြင်​ထွက်​လာသည်​။
"အန်​တီခဏ​လောက်​"
"ဟုတ်​ကဲ့​ဒေါက်​တာ"
"သူက​ဆေးထိုး​ကြောက်​တက်​လား"
"ဟုတ်​တယ်​သူကငယ်​ငယ်​ကတည်းက​ဆေးထိုးရင်​အရမ်း​ကြောက်​တာ"
"ဪ...မထိုးလို့လဲမရဘူးဗျ"
"သမီး​ရောဂါကဘာလဲဆရာ"
"​မွေးရာပါနှလုံး​ရောဂါပါဒါ​ပေမယ့်​ASDလားVSDလားအတိအကျသိဖို့​တော့စစ်​​ဆေးရလိမ့်​မယ်​"
"စိုးရိမ်​ရလားဆရာ"
"ခု​နေ​တော့မစိုးရိမ်​ရ​ပေမယ့်​​နောက်​ပိုင်း​ရောဂါကပိုဆိုးလာရင်​​တော့စိုးရိမ်​ရတယ်​"
"ဟုတ်​ကဲ့ပါ​ဒေါက်​တာသူ့ကိုအ​ကြောင်းဆုံးကုသ​ပေးပါ​နော်​"
"ဟုတ်​ကဲ့အတက်​နိုင်​ဆုံးအ​ကောင်းဆုံးကြိုးစား​ပေးပမယ်​"
"​ကျေးဇူးပါ​ဒေါက်​တာအားကိုးပါတယ်​"
"ဟုတ်​ကဲ့ခွင့်​ပြုပါဦး​နော်​အလုပ်​ရှိလို့"
"ဟုတ်​ကဲ့ပါ​ဒေါက်​တာ"
သူရိန်​​နေမင်းကြီး၏အလင်း​ရောင်​ကဖြာကြလို့​ကျေးငှက်​​အော်​သံတစ်​ချို့ကိုကြား​နေရသည်​။ကောင်းကင်​ကြီးမှာ​တော့ဟန်​​ဆောင်​​ကောင်းစွာဖြင့်​အပြစ်​မဲ့ငြိမ်​သက်​​နေ​ပေသည်​။
*****************************************************
"အချစ်​ရဲ့​တွေ့ဆုံမှုကအ​ကြောင်းပြချက်​မရှိ​တွေ့ဆုံတယ်
အ​ကြောင်းအရာပြစရာလည်းမလို​လောက်​ပါဘူး
ချစ်​​နေဖို့ပဲလိုတာပါ......................
ဒါ​ပေမယ့်​ဘယ်​​လောက်​ချစ်​​နေလဲ​တော့သူသိဖို့လိုတယ်​"
အပိုင်း၂ဆက်​ရန်​...

No comments:

Post a Comment