Tuesday, July 7, 2015

နောက်​ဝတ္ထု​တွေလည်းဆက်​တင်​​ပေးပါမယ်

ည​ကျောင်းဇတ်​သိမ်း

**************ည​ကျောင်းဇတ်​သိမ်း************
မှောင်​မဲ​နေ​သောည၏စိုးမိုးမှုကိုမခံနိုင်​​အောင်​​နေမင်း
ကြီး၏အလင်း​ရောင်​က​လောကကြီး​ပေါ်ထိုး​ဖောက်​ဝင်​​ရောက်​လာသည်​။မည်​သည်​တို့မှတားဆီး၍မရ​အောင်​​နေ​ရောင်​ခြည်​မှာကျ​ရောက်​လာ​တော့သည်​။အ.ထ.က(၃)​ကျောင်းမှာ​တော့ဆရာမဆရာမများအစည်းအ​ဝေးကိုအ​စောကြီးကျင်းပ​နေကြသည်​။
"​ကျောင်းမှာ​ကျောင်းသားတစ်​​​ယောက်​​သေဆုံးသွားတာအားလုံးသိပြီး​လောက်​ပါပြီအဲဒီကိစ္စကကျွန်​​တော်​​တော်​တို့​ကျောင်းကိုအရုပ်​ဆိုး​စေတယ်​အဲဒီ​ကျောင်းသားက​ဒေါ်ချိုချိုအတန်းက​နော်​"
"ဟုတ်​ပါတယ်​ဆရာကြီး​ကျွန်​မအခန်းကပါ"
"အဲဒါဘာ​ကြောင့်​ဖြစ်​တာလဲ​ဒေါ်ချိုချိုည​ကျောင်းက​နေအဲဒီ​ကျောင်းသားကမပြန်​ဘူးလား"
"ကျွန်​မတို့လည်းပြန်​သွားပြီမှတ်​​နေတာသူတို့ကအ​လောင်းအစား​ကြောင့်​အဲလိုဖြစ်​​သွားတာပါ"
"အဲကိစ္စကိုသိပြီးပြီ​နောက်​မဖြစ်​​အောင်​ဆရာမက​ကျောင်းသား​တွေကိုဂရုစိုက်​​စေချင်​တယ်​"
"ဟုတ်​ကဲ့ပါဆရာကြီးကျွန်​မတစ်​ခု​တောင်းဆိုလို့ရမလား"
"​ပြောပါ​ဒေါ်ချိုချို"

"ကျွန်​မတို့အ​ဆောင်​ကိုပရိတ်​ရွတ်​ချင်​တယ်​ဆရာကြီးစိတ်​ထဲမသန့်​လို့ပါ"
"ပရိတ်​ရွတ်​တာက​တော့မမှားပါဘူး​ကောင်းပါတယ်​လုပ်​ပါဆရာမ"
"ဟုတ်​ကဲ့ဆရာကြီးမနက်​ဖြန်​ပဲရွတ်​ဖြစ်​​အောင်​စီစဉ်​ပါ့မယ်​"
"အစစအရာရာဂရုစိုက်​ကြပါ​စည်းကမ်းကိုအထူးလိုက်​နာကြပါ"
"ဟုတ်​ကဲ့ပါဆရာကြီး"
သူတို့​တွေအစည်းအ​ဝေးပြီးသွားကြသည်​။ဒေါ်ချိုချိုတစ်​ခု​တွေးမိသည်​။ပရိတ်​ရွတ်​ပွဲလုပ်​မည်​ဆိုလျှင်​ဝသုန်​ရှင်းသန့်​၏မိဘများမင်းသန့်​စင်​၏မိဘများ​ဆောင်းနှင်းသူ၏မိဘများကိုအ​ကြောင်းကြား၍လုပ်​လျှင်​ပို​ကောင်းမည်​ဟုသူမ​တွေးမိ၏။ကျောင်းအပြန်​လှည့်​ဝင်​မှဖြစ်​မယ်​​ပေါ့ဟု​တွေးလိုက်​သည်​။သူ့အ​တွေးပင်​မဆုံးလိုက်​​ပေမင်းသန့်​စင်​၏အ​မေမှာ​ကျောင်းသို့​ရောက်​လာသည်​။
"ဪ...မင်းသန့်​စင်​ရဲ့အ​မေပါလားလာအမလာ"
"ဟုတ်​ကဲ့ဆရာမအ​ရေးကြီးလို့"
"ဘာအ​ကြောင်းလဲအမ"
"ကျွန်​မကိုမ​နေ့က​လေသရဲဝင်​ပူးလို့"
"ဟင်​ဘယ်​လိုဖြစ်​တာလဲအမ"
"သရဲဝင်​ပူးပြီးကိုယ့်​သားကိုပြန်​ပြီးလည်​ပင်းဖစ်​မိတယ်​ဆရာမရယ်​"
"ဟယ်​...မင်းသန့်​စင်​ဘာဖြစ်​သွား​သေးလဲ"
"သူ့အ​ဖေအ​ရောက်​မြန်​လို့​ပေါ့သူ့အ​ဖေသာအ​ရောက်​​နှေးရင်​မ​တွေးဝင့်​စရာပဲဆရာမရယ်​"
"​တော်​​သေးတာ​ပေါ့အမရယ်​"
"သားက​တော့ခု​ပြောတယ်​ဆရာမဝင်​ပူးတာဝသုန်​ရှင်းသန့်​တယ့်​"
"ဟင်​"
"ဟုတ်​တယ်​ဆရာမကျွန်​မတစ်​ခုခုလုပ်​မှဖြစ်​မယ်​​တော်​​တော်​ဆိုး​နေပြီဆရာမ"
"အမကဘယ်​လိုလုပ်​ဖို့စီစဉ်​ထားလည်း"
"ပ​ရောဂဆရာနဲ့သားကိုလိပ်​ပြာချုပ်ပြီးအကာအကွယ်​ယူရမယ်​"
"ဖြစ်​ပမလားအမရယ်​ဒီမှာ​တော့ပရိတ်​ရွတ်​ဖို့စီစဉ်​ထားတယ်​"
"ကျွန်​မဝသုန်​ရှင်းသန့်​အ​မေနဲ့လည်း​တွေ့ချင်​တယ်​"
"အင်း​လေကျွန်​မတို့​တွေ့ကြတာ​ပေါ့"
အ.ထ.က(၃)​ကျောင်းမှာ​တော့​ကျောင်းသားများသည်​သရဲ​ချောက်​သည်​စသည်​ဖြင့်​သတင်းကြီး​နေကြသည်​။ဆရာမ​တွေက​တော့ပရိတ်​ရွတ်​ဖို့ပြုလုပ်​​နေကြပြီဖြစ်​သည်​။ထို့​ကြောင့်​​ကျောင်းတွင်​မနက်​အ​စောကြီးလာ၍အခန်းကိုသန့်​ရှင်း​ရေးလုပ်​ကြသည်​။ထို​နေ့ကဘုရင့်​​နောင်​အသင်း၏တာဝန်​ပင်​ဖြစ်​သည်​။မနက်​အ​စောကြီးလာသူများဆိုလို့မိန်းက​လေးနှစ်​​ယောက်​​ယောကျာ်း​လေးနှစ်​​ယောက်​ပဲရှိသည်​။ယောကျာ်း​လေးနှစ်​​ယောက်​ကလည်း​ကျောင်း၏​အောက်​ထပ်​တွင်​ဆင်း၍အမှိုတ်​လှည်းကြသည်​။မိန်းက​လေးနှစ်​​ယောက်​ထဲသာအခန်းထဲတွင်​ကျန်​ခဲ့၍သန့်​ရှင်း​ရေးလုပ်​​နေကြသည်​။ကောင်​မ​လေးနှစ်​​ယောက်​မှာသန့်​ရှင်း​ရေးကိုသူတို့လုပ်​ကိုင်​​နေကြသည်​။တံမြတ်​စည်းလှည်းအပြီးတွင်​ဆရာမထိုင်​ခုံမှပန်းအိုးကိုလဲမလို့ကြည့်​လိုက်​ချိန်​တွင်​...
"ဟင်​......"
သူတို့နှစ်​​ယောက်​စလုံးအံ့ဩသွားကြသည်​။သူတို့မနက်​ပမြင်​တာကဇီဇဝါပန်းခုမြင်​ရတာကနှင်းဆီပန်းနှစ်​ပွင့်​။
"ဟဲ့မနက်​ကအဲဒီပန်းမဟုတ်​ဘူး​နော်​"
"​အေး​လေဘာဖြစ်​တာလဲဟ"
"အမြင်​မှားတာ​နေမှာပါဟတကယ်​​တော့မဟုတ်​​လောက်​ပါဘူး"
"​အေးဟာပန်းလဲဖို့ပြန်​ယူလာခဲ့ဟာ"
သူပန်းအိုးကို​သေချာယူလိုက်​ကာခုံ​ပေါ်တင်​လိုက်​သည်​။
"ဟဲ့သွားမယ်​​လေ"
"​နေပါဦးဟငါပိုက်​ဆံယူလိုက်​ဦးမယ်​မုန့်​စားရ​အောင်​"
"​အေး​အေး"
သူတို့ပိုက်​ဆံယူပြီးပန်းအိုးယူရန်​ခုံသို့အကြည့်​တွင်​ပန်းအိုးမှာမရှိ​တော့မူလ​နေရာသို့်ပြန်​​ရောက်​သွားသည်​။
"ဟဲ့ငါ​သေချာထားထားတာနင်​မြင်​တယ်​​နော်​"
"ငါမြင်​တယ်​ဟ"
"ဟို....မှာကြည့်​လိုက်​ဦးဟ"
အသင်းတာဝန်​ကြဇယားဖြစ်​သည်​။ဘုရင့်​​နောင်​အသင်းမိန်းက​လေးအသင်း​ခေါင်း​ဆောင်​ကမဝသုန်​ရှင်းသန့်​။
"ဟဲ့လာဟာမြန်​မြန်​သွားရ​အောင်​"
ထိုစဉ်​​ကောင်းကင်​ပြင်​တစ်​ခုလုံးပိန်းပိန်း​မှောင်​သွားသည်​။မိုးချိန်းသံမှာလည်းဂျိန်းခနဲလျှပ်​စီးတစ်​ဝင်းဝင်းနှင့်​အ​ကြောင်းမဲ့သဲသဲမဲမဲရွာချလိုက်​သည်​။သူတို့လည်းေ
ပြးထွက်​လိုက်​သည်​။မိုးရွာသဖြင့်​​ကျောင်း​ပေါ်ပြန်​​ပြေးတက်​လာသည့်​​ကောင်​​လေးနှစ်​​ယောက်​နှင့်​ပြန်​​တွေ့သည်​။
"ဟဲ့အလန့်​တစ်​ကြားနဲ့ဘာဖြစ်​လာတာလဲဟ"
"ငါတို့သရဲ​ခြောက်​လို့ဟ"
"ဘယ်​မှာလဲဟသရဲက"
ပြော​ပြောဆိုဆို​သူတို့အခန်း​ရှေ့ကိုလှမ်းကြည့်​လိုက်​သည်​။တစ်​ကိုယ်​လုံး​ရေ​တွေစိုရွှဲ​နေပြီးပန်း​ရောင်​ဝမ်းဆက်​​လေးနဲ့​ကောင်​မ​လေးကရပ်​​နေသည်​။
"အား....သရဲ"
အော်​လိုက်​ပြီးသုံး​ယောက်​မှာထွက်​​ပြေးကြသည်​။တစ်​​ယောက်​မှာ​ကြောင်​​တောင်​​တောင်​နဲ့ရပ်​ကျန်​ခဲ့သည်ေ
ပြးဖို့သတိမရ​ပေ။ပန်း​ရောင်​ဝမ်းဆက်​နဲ့​ကောင်​မ​လေးမှာတဖြည်းဖြည်းနဲ့သူ့​ရှေ့ကိုလာရပ်​သည်​။ကျန်​ခဲ့​သော​ကောင်​မ​လေးရဲ့နာမည်​က​မေးစရာမလို​ပေ​ဆောင်းနှင်းသူဖြစ်​သည်​။သူ့​ရှေ့မှာရပ်​​နေသူက​ဝသုန်​ရှင်းသန့်​သူမဘာမှမ​ပြောနိုင်​​ပေနှုတ်​မှတစ်​ခုသာထွက်​လာသည်​။
"ငါ​တောင်းပန်​ပါတယ်​​နော်​ငါ့ကိုခွင့်​လွှတ်​ပါဟာဒါငါ့ရင်​ထဲကစကားအစစ်​အမှန်​ပါ"
"နင်​ငါ့ကိုသစ္စာ​ဖောက်​ခဲ့တာမဟုတ်​ဘူးလား"
"ဟုတ်​ပါတယ်​ဟာငါကမိန်းက​လေးတစ်​​ယောက်​ဆို​တော့သူ့အ​ပြောမှာငါငြိတွယ်​သွားမိပါတယ်​နင့်​ကိုနစ်​နာ​စေချင်​တယ့်​စိတ်​မရှိပါဘူးဟာဒီအပြစ်​အတွက်​ငါ့အသက်​ကိုနင်​ယူသွားပါ"
ဝသုန်​ရှင်းသန့်​သည်​​ဆောင်းနှင်းသူနားကိုကပ်​သွားလိုက်​သည်​​နောက်​ပြီး​ဆောင်းနှင်းသူ၏ပါးပြင်​ကိုအနမ်းတစ်​ပွင့်​​ပေးလိုက်​သည်​။
"ငါနားလည်​ပါတယ်​ဟာဒါ​ပေမယ့်​ငါ့ကိုနင်​တစ်​ခုကူညီမှဖြစ်​မယ်​"
"​ပြောငါဘာကူညီ​ပေးရမလဲသူငယ်​ချင်း"
"နင့်​ခန္ဓာကိုယ်​ကိုငါ့ကိုခဏငှါးပါ​နော်​ငါတကယ်​လို​နေ
ပြီဟ​နော်​"
"နင်​ယူသွားပါဟာ"
"ငါနင့်​​ကျေးဇူးကိုမ​မေ့ပါဘူးဟာ"
သူတို့နှစ်​​ယောက်​တစ်​​ယောက်​လက်​ကိုတစ်​​ယောက်​​နွေး​ထွေးစွာကိုင်​လိုက်​သည်​။ထို့​နောက်​​ဆောင်းနှင်းသူမှာရုတ်​တစ်​ရက်​​တောင့်​ခနဲဖြစ်​သွားသည်​​နောက်​ပြီးမိုးသည်း​နေသည့်​ကြားထဲမှတစ်​​နေရာရာကိုဦးတည်​သွား​နေသည်​။သူသွား​နေတာဝသုန်​ရှင်းသန့်​၏အိမ်​ကိုဦးတည်​သွား​နေသည်​။အိမ်​​ရှေ့သို့​ရောက်​​သောအခါသူမ​အော်​​ခေါ်လိုက်​သည်​။
"အ​မေ့.........."
အထဲမှအိပ်​ရာထဲတွင်​မျက်​ရည်​စက်​လက်​နှင့်​သူ့အ​မေနှင့်​အိမ်​​ရှေ့ဧည့်​ခန်းတွင်​သူ၏သမီး၏ဓာတ်​ပုံ​လေးများကိုကြည့်​​နေ​သောသူ့အ​ဖေ​မျှော်​လင့်​ချက်​မျက်​နှာများနှင့်​ပြိုင်​တူပင်​အိမ်​​ရှေ့ကိုထွက်​လာခဲ့ကြသည်​။
"အ​မေ့အ​ဖေ...သမီးပါသူများခန္ဓာကိုယ်​နဲ့လာရတာပါသမီးအ​မေတို့ကို​တွေ့ချင်​​နေတာ"
"သမီး​လေးဝသုန်​...."
ဝသုန်​၏အ​မေမှာမိုးရွားကြီးထဲသို့​ပြေးထွက်​သွားသည်​။နောက်​ကလိုက်​လာတာသူ့အ​ဖေ။
"သမီးရယ်​အ​မေအမျှ​ဝေခဲ့တယ်​​လေသမီး"
"သမီးမရလိုက်​ဘူးအ​မေသမီးကလဲ့စား​ချေချင်​စိတ်​နဲ့အမျှမရခဲ့ဘူးအ​မေ"
"အ​မေ့သမီး​လေးရယ်​အဖြစ်​ဆိုးလှတယ်​ကွယ်​အ​မေဘယ်​လို​ဖြေရမလဲသမီး"
"အ​ဖေကြီးသမီးကိုသတိရလားဟင်​"
အ​ဖေဖြစ်​သူမှာ​ယောကျာ်းကြီးဖြစ်​​ပေမယ့်​လည်းတုန်​ရီ​သောအသံကြီးဖြင့်
"ရတာ​ပေါ့သမီးရယ်​အ​ဖေတစ်​ရက်​မှမ​မေ့ခဲ့ပါဘူးအ​ဖေငါ့သမီးကို​မျှော်​လင့်​ထားခဲ့တာပါသမီးရယ်​အ​ဖေသမီးအ​မေထက်​မပို​ပေမယ့်​မ​လျော့ပါဘူးသမီးရယ်​"
"သမီးအ​ဖေနဲ့အ​မေကိုကန်​​တော့ခဲ့မယ်​​နော်​​ကျောင်းမှာဒီ​နေ့ပရိတ်​ရွတ်​ပွဲရှိတယ်​သမီးကိုအမျှ​ဝေ​ပေးပါ​နော်​"
"စိတ်​ချပါသမီးရယ်​အ​ဖေနဲ့အ​မေအမျှ​ဝေ​ပေးမယ်​​နော်
သမီး​နော်​"
သူတို့​တွေ​ပြော​နေစဉ်​​နောက်​မှ​ပြေးလာသူတစ်​ဦးအ
ဖြူအစိမ်းဝတ်​ဆုံနဲ့ဆရာမတစ်​ဦး​ဒေါ်ချိုချိုပင်​ဖြစ်​သည်
"သမီးဆရာမ​လေသမီးရယ်​သိ​သေးလားဟင်​"
"ဆရာမ..သမီးခဏခဏလာ​တွေ့ပါတယ်​ဆရာမရယ်​သမီးအမြဲသတိရပါတယ်​"
"သမီးရယ်​မမိုက်​နဲ့​နော်​ဆရာမတို့အမျှ​ဝေတာကိုသာဓု​ခေါ်​နော်​"
"ဟုတ်​ကဲ့ပါဆရာမသမီးကန်​​တော့ခဲ့ပါတယ်​​နော်​"
မိုး​တွေကတ​ဝေါ​ဝေါနဲ့သည်း​နေသည့်​မိုး​ရေထဲတွင်​သူတို့ကြ​သောမျက်​ရည်​မှာမိုး​ရေများနှင့်​လုံး​ထွေး​နေ​တော့သည်​။ချစ်​ချင်း​မေတ္တာနဲ့သံ​ယောဇဉ်​မှာသာမန်​လူတို့အဖို့အကြီးမားဆုံး​နှောင်​ကြိုးပင်​ဖြစ်​​ပေ​တော့သည်​။
~~~~~~~~~~~~~~~~~~~~~~~~~~~
မိုးရွာထဲတွင်​ကားတစ်​​စီးသည်​အ​လောတစ်​ကြီး​မောင်းနှင်​လာသည်​ကားထဲတွင်​မင်းသန့်​စင်​တို့သားအမိသုံး​ယောက်​ကား​မောင်းသူကသူ၏အ​ဖေ။
"​တောက်​....အ​ရေးကြီးပါတယ်​ဆိုမှမိုးကသည်းကွာ"
"မြန်​မြန်​သာ​မောင်းပါရှင်​သားကိုဟိုသရဲမထပ်​​နှောက်​မယှက်​ရဲ​အောင်​ပ​ရောဂဆရာဆီမြန်​မြန်​​ရောက်​မှဖြစ်​မယ်​"
"​အေးပါကွာ"
ထိုစဉ်​ဖုန်းမည်​သံထွက်​​ပေါ်လာသည်​။ဖုန်းနံပတ်​က09784111139မင်းသန့်​စင်​၏အ​မေမှာဖုန်းကိုကိုင်​လိုက်​သည်​။
"ဟဲလိုဘယ်​သူလဲမသိဘူး"
"ကျွန်​မဝသုန်​ရှင်းသန့်​ပါ"
"ဪ..သရဲမနင်​ဘာ​နှောက်​ဦးမလို့လဲ"
"​နောက်​ကိုသာအမြန်​လှည့်​ပြန်​လာခဲ့ပါကျွန်​မအားလုံးကိုခွင့်​လွှတ်​တယ်​"
"နင့်​မာယာ​တွေရိုး​နေပြီသရဲမရယ့်​ငါတို့နင့်​လိပ်​ပြာကိုချုပ်​ဖို့သွား​နေပြီ"
ထိုစဉ်​မင်းသန့်​စင်​၏အ​ဖေမှာကြားဖျက်​၍ဖုန်းကိုလုယူကာ​ပြောလိုက်​သည်​။
"သရဲမနင်​ကိုဖမ်းဖို့ငါတို့ပ​ရောဂဆရာဆီသွား​နေပြီ
ဟားဟားဟား..."
ထိုစဉ်​......
"ရှင့်​​ရှေ့မှာအမ​လေး......"
အရှိန်​မထိန်းနိုင်​၍အ​ရှေ့မှလာ​နေ​သောဆယ်​ဘီးကား
ကြီးကိုဝင်​တိုက်​လိုက်​ကာ......​သွေးသံရဲရဲနဲ့ဖုန်း​လေးက​တော့မီးပွင့်​​နေဆဲincoming callဆိုပြီး
09784111139ဆိုတယ့်​ဖုန်းနံပတ်​နဲ့လူ​တွေက​တော့​သွေးသံရဲရဲရုပ်​ပျက်​ဆင်းပျက်​​သေဆုံး​နေကြပြီဖြစ်​သည်​။အ.ထ.က(၃)​ကျောင်း​လေးမှာ​တော့ဘုန်းကြီး
များ၏ပရိတ်​ရွတ်​ဖက်​သံနှင့်​အတူငိုသံများ​နှောလျက်
"မဝသုန်​ရှင်းသန့်​နှင့်​တကွအားလုံးကြားကြားသမျှအမျှအမျှအမျှယူ​တော်​မူကြပါကုန်​​လော့သာဓု.......
သာဓု......သာဓု"
ထိုသို့အမျှ​ဝေသံကို​ကျောင်းအပြင်​မှတစ်​စုံတစ်​​ယောက်​ကသာဓုလိုက်​​ခေါ်​နေသည်​။ပန်း​ရောင်​ဝမ်းဆက်​နှင့်​​ကောင်​မ​လေးသာဓု​ခေါ်ပြီး​ကျောင်းထဲကိုလက်​ပြ​နေသည့်​ပုံကိုလူသုံး​ယောင်​သာမြင်​ရသည်​။အဲလူ​တွေကမည်​သူ​တွေဆိုသည်​မှာ.................။

ကြိုးစားပါဦးမည်​။တစ်​ဦး​ပေါ်တစ်​ဦး​မေတ္တာထားကာ​အေးချမ်းကြပါ​စေ။
#အွန်​လိုင်းဝိညာဉ်​ 7.7.15​နေ့လည်​2:28

Sunday, July 5, 2015

ည​ကျောင်း(၇)

**************ည​ကျောင်း(၇)****************
မင်းသန့်​စင်​မှာဘုရားခန်းထဲတွင်​အပြင်​မထွက်​ရဲပဲထိုင်​​နေသည်​။ဖုန်းကိုလည်းပါဝါပိတ်​ကာခပ်​​ဝေး​ဝေးတွင်​ထားလိုက်​သည်​။စိတ်​ထဲမှာလည်း​တောင်းပန်​ချင်​စိတ်​က
ဖြစ်​​နေသည်​။သူမှားခဲ့​တော့သူ့အပြစ်​ကလည်းကြီး​ပေါ့
ထိုစဉ်​ဘုရားခန်းတံခါးကိုတစ်​​ယောက်​​ယောက်​ကလာ​ခေါက်​သည်​။
"​ဒေါက်​....​ဒေါက်​.....​ဒေါက်​....."
အလိုလိုမှမလုံမလဲဖြစ်​​နေသူတစ်​​ယောက်ဖြစ်​သဖြင့်​ပိုမို၍​ကြောက်​လန့်​သွားသည်​။သူမရဲတစ်​ရဲနှင့်​.....
"ဘယ်​သူလဲ"
"​မေ​မေပါသား"
"ဪအ​မေလား"
သူသက်​ပြင်းချလိုက်​ကာအခန်းတံခါးကိုသွားဖွင့်​​ပေးလိုက်​သည်​။
"သားဘာလုပ်​​နေတာလဲဘုရားခန်းကကိုမထွက်​လို့လာကြည့်​တာ"
"သား​ကြောက်​တယ်​အ​မေဒီ​နေ့​ကျောင်းမှာဝသုန်​ရှင်းသန့်​ကဝင်​ပူးပြီးသားကိုသက်​မယ်​လို့​ပြောတယ်​"
"အမ​လေး..ဘုရား​ရေ​လောကကြီးဘာ​တွေဖြစ်​ကုန်​ပြီလဲမသိ​တော့ဘူး"
"အဲတာ​ကြောင့်​သား​ကြောက်​တယ်​​ပြောတာပါအ​မေ"
"လာသားမ​ကြောက်​နဲ့အ​မေတို့ရှိတယ်​အ​မေ့အခန်းထဲလာအိပ်​"
မင်းသန့်​စင်​လည်းသူ့အ​မေ၏​ခေါ်ရာ​နောက်​လို့လိုက်​လာခဲ့သည်​။
"အ​မေ...အ​ဖေကဘယ်​သွားလဲ"
သူ့အ​မေမှာဘာမှမ​ပြော​ချေဒီတိုင်းတိတ်​ဆိတ်​လို့သူလဲသူ့အ​မေမကြားလို့​နေမှာပါဆိုပြီးသူ့ကို​နောက်​​ကျော​ပေးထိုင်​​နေ​သောသူ့အ​မေကိုသွားကိုင်​ကာထပ်​​မေးလိုက်​သည်​။
"အ​မေ..အ​ဖေဘယ်​သွားလဲလို့"
ဆက်​ခနဲသူ့အ​မေကသူ့လက်​ကိုပြန်​ကိုင်​လိုက်​သည်​လက်​က​အေးတိ​အေးစက်​ကြီး​နောက်​ပြီးသူ့ဘက်​ကိုလှည့်​လိုက်​​သောအခါမင်းသန့်​စင်​မှာ​အလွန်​ပင်​​ကြောက်​လန့်​သွား၏။မျက်​ဖြူကြီးလန်​​နေ​သောသူ့အ​မေသူ့ကိုသူစိမ်းတစ်​​ယောက်​လိုအပြုအမူနဲ့...
"ဟားဟားဟားငါ့ကိုမှတ်​မိ​သေးလား"
"နင်​မလာနဲ့ဝသုန်​ရှင်းသန့်​ငါ​တောင်းပန်​ပါတယ်​"
"​တောင်းပန်​တယ်​ဟုတ်​လားငါလဲနင့်​ကိုသက်​​တော့မှာ​တောင်းပန်​ပါတယ်​​နော်​ဟားဟားဟား"
သူ့အ​မေမှာလက်​နှစ်​ဖက်​ကို​ရှေ့ကိုတန်းလိုက်​ပြီးသူ၏လည်​ပင်းကိုဖစ်​လိုက်​သည်​။မင်းသန့်​စင်​မှာ​ကြောက်​အားလန့်​အားဖြင့်
"လွတ်​​နော်​မလုပ်​နဲ့လွတ်​...အား.....ကယ်​ပါဦး"
သူမ၏သန်​မာလှ​သောလက်​ကြီးက​အတင်းဖစ်​ထားသဖြင့်​သူလည်းရုံးမထွက်​နိုင်​​အောင်​ဖြစ်​​နေသည်​။အသက်​ရူကလည်းအရမ်းကျပ်​လာသဖြင့်​လှုပ်​ပင်​မလှုပ်​နိုင်​​တော့​ပေ။သူ၏အ​ဖေမှာအပြင်​သွားရာက​နေပြန်​လာ​သောအခါထိုမြင်​ကွင်း​ကြောင့်​အတင်း​ပြေးဆွဲသည်​။
"မိန်းမဘာဖြစ်​​နေတာလဲလွတ်​လိုက်​အဲတာနင့်​သား​လေ"
သူ့အ​ဖေကလည်းအရမ်းဆွဲသူ့အ​မေကလည်းသတိပြန်​ဝင်​လာသည်​။
"ဟင်​ကျွန်​မဘာဖြစ်​​သွားတာလဲဟင်​"
"မင်းဘာဖြစ်​လဲမသိဘူးလားသားသား​ခေါ်လို့လည်းမရ​တော့ဘူး"
"သား​လေးဘာဖြစ်​သွားတာလဲမသိဘူးသား​လေးသားမင်းသန့်​စင်​သား"
မင်းသန့်​စင်​မှာအသက်​ရှုအရမ်းကြပ်​သွားသဖြင့်​သတိ​မေ့သွားသည်​။သူ့အ​မေမှာလည်းသူ့ကိုယ်​ကိုဘာဖြစ်​မှန်းမသိပဲဖြစ်​​နေသည်​။
~~~~~~~~~~~~~~~~~~~~~~~~~~~
လောကကြီး၏​ပြောင်းလဲမှုကံကြမ္မာမှာမြန်​ဆန်​လှ​ပေသည်​။ဝသုန်​ရှင်းသန့်​မှာ​သေဆုံးသွား၏။နောက်​​ကျောင်းကက​လေးတစ်​​ယောက်​ဝသုန်​ရှင်းသန့်​သည်​တကယ်​ပင်​မကျွတ်​မလွတ်​တာလားတိုက်​ဆိုက်​မှု​ကြောင့်​​ပေလားသို့​လောသို့​လောနှင့်​​ဒေါ်ချိုချိုမှာစဉ်းစားခန်းဖွင့်​​နေသည်​။သူမသတိရသွားသည်​။
"ဟုတ်​သားပဲsd cardရှိ​သေးတာပဲငါဖွင့်​ကြည့်​မှ"
ဒေါ်ချိုချိုသည်​computer​ရှေ့တွင်​ထိုင်​လိုက်​ကာသူမcard readerနှင့်​တွဲ၍sd cardထဲကvideo
ဖိုင်​ကိုလိုက်​ရှာလိုက်​သည်​။သူမ​တွေ့သွား​သောအခါဖွင့်​ကြည့်​လိုက်​သည်​။ပထမ​တော့ဘာမှမထူးခြား​ပေvideoမှာပုံမှန်​ပင်​ဖြစ်​သည်​။သူတို့အ​ပေါ်တက်​၍​ကော်​ရစ်​တာဆုံးခါနီးတွင်​ရပ်​လိုက်​ပြီး​အော်​၍ထွက်​​ပြေးကြသည်​။သူမအဲဒီအပိုင်းကိုslowလုပ်​၍ကြည့်​လိုက်​သည်​။
သူမပါးစပ်​အ​ဟောင်းသားနဲ့အံ့ဩသွားသည်​။အဖြူအရိပ်​ကြီးသူတို့​ရှေ့မှာသူမvideoကိုရပ်​ထား၍ထိုအဖြူအရိပ်​ကြီးကိုzoomဆွဲကြည့်​လိုက်​​သောအခါလူပုံသဏ္ဍန်​ဆံပင်​ပုံစံမှာဂုတ်​ဝဲ​လေးပါးစပ်​က​ယောင်​ထွက်​သွားသည်​။
"ဝသုန်​ရှင်းသန့်​"
သူမအစကက​လေး​တွေ​ပြော​နေကြတယ့်​သရဲ​ခြောက်​တာကိုမယုံ​ပေခုမှသူမလက်​​တွေ့ကြမှယုံ​တော့သည်​။
"ဝသုန်​ရယ်​နင်​မိုက်​လှပါလားလူ​တောင်​သက်​​နေပြီ​ပေါ့​နော်​သမီးရယ်​နင်​အစကအဲလိုမဟုတ်​ပါဘူးဘာဖြစ်​တာလဲ"
ဘေးနားမှသူမတင်​ထား​သော​ရေခွက်​မှာအ​ကြောင်းမဲ့
ကြကွဲသွားသည်​။သူမသတိထားမိလိုက်​သည်​။
"သမီးဝသုန်​ဆရာမနားမှာရှိ​နေတာလား"
တင်​ထား​သောစာအုပ်​ပါပြုတ်​ကျသွားသည်​။
"သမီးလုပ်​ရက်​​တွေမှား​နေတယ်​​နော်​သမီးဆရာမအမျှ​ဝေမယ်​​နော်​သမီးသာဓု​ခေါ်​နော်​"
ဒေါ်ချိုချိုထိုသို့​ပြောလိုက်​​သောအခါသူမ၏အခန်းတွင်​ပိတ်​ထား​သောတံခါးမှာဝုန်းခနဲပွင့်​ထွက်​သွားသည်​။ဒေါ်ချိုချိုလည်းပွင့်​ထွက်​သွား​သောတံခါး​ပေါက်​မှကြည့်​လိုက်​​သောအခါပန်း​ရောင်​ဝမ်းဆက်​နဲ့​ကောင်​မ​လေးသူမကိုသူစိမ်းတစ်​​ယောက်​အကြည့်​နဲ့ကြည့်​လို့​နောက်​တစ်​ဖြည်းဖြည်း​ပျောက်​ကွယ်​သွားသည်​။
"ဟူး....ဒုက္ခ​တွေ​ရောက်​​တော့မယ်​မနက်​ကြရင်​ပရိတ်​ရွတ်​ဖို့တိုင်​ပင်​မှ"
သူမလည်းဘုရားရှိခိုး၍ဝသုန်​ရှင်းသန့်​ကိုရည်​စူးကာအမျှ​ဝေလိုက်​သည်​။သူရသည်​မရသည်​​တော့မသိ​ပေရပါ​စေလို့သူမဆု​တောင်းမိသည်​။မဟူရာအလား​မှောင်​မဲလှ​သောညကို​ကျော်​ဖျက်​ရ​ပေဦး​တော့မည်​။
အပိုင်း၈ဆက်​ရန်​.........

ည​ကျောင်း(၆)

************ည​ကျောင်း(၆)****************

ညတွင်းချင်းပင်​လူနာတင်​ယာဉ်​သံများကျယ်​​လောင်​စွာ​ပေါ်ထွက်​လာသည်​။အနီးအနားရှိလူများလည်းလှုပ်​လှုပ်​ရွရွဖြစ်​ပြီး​ကျောင်း၏​ရှေ့တွင်​လူစုလူ​ဝေးများပင်​ဖြစ်​​နေသည်​။ကျောင်းမှဆရာမများလည်း​ကျောင်းသို့အ​ပြေးလာရသည်​။တာဝန်​ကြရဲများသည်​လည်းမိမိတို့စစ်​​ဆေးရန်​ရှိတာများကိုလုပ်​ကိုင်​​နေကြသည်​။
"​ကျောင်း​စောင့်​ကအ​လောင်းကိုအရင်​မြင်​ခဲ့တာ​နော်​"
"ဟုတ်​ကဲ့ပါဆရာကျွန်​​တော်​အသံကြားလို့သွားကြည့်​ခဲ့တာပါ"
"အနားမှာလူရိပ်​လူ​ယောင်​မြင်​မိ​သေးလား"
"ဘာလူမှ​တော့မမြင်​ခဲ့ရပါဘူးဒါ​ပေမယ့်​ဟို​လေ"
"ဘာဟိုလဲ​ပြော​လေ"
"သရဲ​တော့​တွေ့ရတယ်​ဆရာ"
"ခင်​ဗျား​ပြောတာအထူးအဆန်းပါလားကျုပ်​​တော့မယုံနိုင်​ဘူးဘယ်​လိုမြင်​ခဲ့တာလဲ​ပြောစမ်းပါဦး"
"ကျွန်​​တော်​အ​လောင်းကိုကြည့်​ပြီးအ​ပေါ်ကပြုတ်​ကျတာဆို​တော့အ​ပေါ်ကိုဓာတ်​မီးနဲ့ထိုးကြည့်​လိုက်​တယ်​အဲမှာမျက်​နှာဖြူဖြူကြီးဗျာကြက်​သီး​တွေ​တောင်​ထတယ်​ဗျာ"
"​အေး​လေခင်​ဗျား​ပြောတာမှတ်​ထားလိုက်​ပမယ်​"
ရဲများအကုန်​ကြည့်​ရှုစစ်​​ဆေးပြီး​သောအခါအ​လောင်းကိုသယ်​သွားကြသည်​။သူတို့အားလုံးမှာည​တော်​​တော်​​မှောင်​​နေသဖြင့်​​ဘေးမြက်​ပင်​များထဲတွင်​ကြ​နေ​သောဖုန်းကိုမမြင်​လိုက်​ကြ​ချေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်​တစ်​​နေ့မနက်​တွင်​​ကျောင်းတွင်​ဆရာဆရာမများ​ကျောင်းသား​ကျောင်းသူများမှာ​ကြောက်​သူများကေ
ကြာက်​ကြတစ်​ချို့ကပြန်​​ပြောကြနှင့်​ရုတ်​ရုတ်​သဲသဲဖြစ်​​နေကြသည်​။
"ဟို​ကောင်​​တွေတကယ်​လုပ်​တာပဲကွငါတို့်​​ပြောတာမှမယုံတာကိုခု​တော့​သေပြီသူ့​နောက်​လိုက်​​တွေက​တော့​ဆေးရုံ​ရောက်​တယ့်​​ကောင်​​ရောက်​နဲ့သူတို့ဘာ​​တွေ့ခဲ့ရတာလဲမသိဘူး​နော်​"
"​အေးကွ​ကျောင်း​စောင့်​​ပြောတာ​တော့မျက်​နှာဖြူုဖြူ
ကြီးနဲ့​ဝသုန်​ရှင်းသန့်​ကို​တွေ့လိုက်​ရတယ်​တယ့်​"
"ဒါဆိုတစ်​ကယ်​သူမကျွတ်​​သေးဘူးကွခုဆိုအ​ဖော်​​တောင်​ရသွားပြီ​နော်​"
သူတို့လည်း​ပြောသာ​ပြောရသည်​​နောက်​​​ကျောကမလုံ​ပေ​သေရတယ့်​သူကသူတို့​ပ​ရောဂလည်းပါသည်​။သူတို့​ပြော​နေတုန်းပင်​အတန်းပိုင်​ဆရာမက​ခေါ်သည်​ဟုလာ​ပြော​သည်​။သူတို့လည်း​ကြောက်​​ကြောက်​နှင့်​သွားလိုက်​ကြသည်​။ဒေါ်ချိုချို၏မျက်​နှာမှာအရင်​ကထက်​ခက်​ထန်​​နေသည်​ကို​တွေ့လိုက်​ရသည်​။
"မင်းတို့မှန်​မှန်​​ပြောကြ​နော်​မ​နေ့ကဘာအ​လောင်းအစားလုပ်​ကြလဲ"
"ဟို​လေဆရာမသားတို့မ​နေ့ကဒီအ​ဆောင်​ကိုညပိုင်းတစ်​ပတ်​ပတ်​ရဲရင်​တစ်​ဝိုင်းအဝစားဆိုပြီး​လောင်းခဲ့ပါတယ်​ဆရာမ"
"နင်​တို့​တော်​​တော်​မိုက်​တယ့်​​ကောင်​​တွေမနက်​ဖြန်​မိဘ​ခေါ်လာခဲ့ကြကြားလား"
"ဟုတ်​ကဲ့ဆရာမ"
"​နေပါဦးဒါနဲ့သူတို့သွားခဲ့တာကိုမင်းတို့ကိုဘာနဲ့သက်​​သေပြမှာလဲ"
"သူတို့ဖုန်းနဲ့videoရိုက်​ထားမယ်​လို့​ပြောပါတယ်​"
"​အေးငါသိပြီနင်​တို့သွားလို့ရပြီ"
ဒေါ်ချိုချိုမှာ​ကျောင်းသား​သေဆုံးခဲ့ရ​သော​နေရာကိုသွားကာတစ်​ခုခုကိုအသဲအသန်​ရှာ​ဖွေ​နေသည်​။မြက်​ဖုတ်​တစ်​ခု၏​အောက်​တွင်​​ပေါ်​နေ​သောအမဲ​ရောင်​အပိုင်းအစ​လေးသူမဆွဲယူလိုက်​သည်​ဖုန်းတစ်​လုံးမှန်​​တွေ​တော့ကွဲလို့သူမဖုန်း၏​နောက်​ကိုအဖုံးခွာကာကြည့်​လိုက်​​တော့sd cardကို​တွေ့လိုက်​ရသည်​သူမထိုsd
cardကိုပဲယူကာဖုန်းကိုခပ်​​ဝေး​ဝေးသို့လွင့်​ပစ်​လိုက်​သည်​။sd cardကို​သေ​သေချာချာသိမ်းကာအမူအ
ရာမပျက်​အတန်းထဲသို့ဝင်​ကာပုံမှန်​အတိုင်းစာသင်​​နေသည်​။ဝသုန်​ရှင်းသန့်​တို့အတန်းမှာတစ်​​ယောက်​​နေရာလွတ်​​နေသည်​။နောက်​တန်းကလူမှာကြပ်​​နေ​သော်​လည်း​ရှေ့တန်းကိုမထိုင်​တာ​တွေ့ရသည်​။
"ဟဲ့​နောက်​က​ကောင်​မ​လေး​တွေကြပ်​​နေတာကို​ရှေ့ကိုလာထိုင်​​လေတစ်​​ယောက်​"
ဒေါ်ချိုချို​​ပြောလိုက်​သည်​။ကောင်​မ​လေးများမှာမရဲတစ်​ရဲဖြစ်​​နေသည်​။ဘယ်​သူမှမသွားရဲ​ပေ။
"ဟဲ့ငါ​ပြော​နေတယ်​​လေမသွားဘူးလား"
အစွန်​မှာထိုင်​​နေ​သော​ကောင်​မ​လေးမှာမရဲတစ်​ရဲနှင့်​သွားထိုင်​လိုက်​သည်​။ဘာမှ​တော့မဖြစ်​​​ပေ။ထိုစဉ်​ည​နေပိုင်းကို​ရောက်​လာသည်​။သွားထိုင်​​သော​ကောင်​မ​လေးမှာစာ​ရေး​နေရင်းငြိမ်​သွားသည်​။
"ဒီအပိုင်းကို​သေချာကြည့်​ကြ​နော်​အ​ရေးကြီးတယ်​"
ဒေါ်ချိုချိုမှာ​နောက်​ကိုသတိမထားမိပဲ​ကျောက်​သင်​ပုန်းတွင်​စာကိုသာ​ရေး​နေသည်​။သူမ​နောက်​သို့လှည့်​အ
ကြည့်​တွင်​..
"ဟဲ့ဟို​ကောင်​မ​လေးဘာဖြစ်​​နေတာလဲ"
ဘာမှပြန်​မ​ပြော​ချေဆံပင်​​တွေမှာလည်း​ရှေ့ကိုကြ​နေသည်​။
"ငါ​မေး​နေတယ်​​လေ"
ဒေါ်ချိုချို​ပြောရင်းဆိုရင်း​ငုံ့​နေ​သော​ခေါင်းကိုဆွဲလှန်​လိုက်​သည်​။
"အ​မေ​လေး"
သူမကိုယ်​တိုင်​ပင်​လန့်​သွားသည်​။မျက်​ဖြူကြီးလန်​​နေသည်​။
"ဟားဟားဟားနင့်​ကိုငါသက်​မယ်​"
မင်းသန့်​စင်​ထိုင်​​နေ​သောဘက်​ကိုလက်​ညှိး​ငေါက်​​ငေါက်​ထိုးကာ​ပြောသည်​။
"သမီးဘာဖြစ်​တာလဲစိတ်​ထိန်း​လေ"
"နင့်​ကိုဒီညလာသက်​မယ်​သတိထား​နေဟားဟားဟား"
ထိုသို့​ပြောကာလဲကျသွားသည်​။မင်းသန့်​စင်​မှာအသက်​ရှုရန်​ပင်​​မေ့​နေသလိုဖြစ်​​နေသည်​။ကောင်​မ​လေးမှာ​တော့သတိမရ​သေး၍ဆရာမများအလုပ်​ရှုပ်​ကုန်​ကြသည်​။ခဏအကြာတွင်​ဒီ​နေ့ဆယ်​တန်းများည​ကျောင်းပိတ်​​ကြောင်းကို​​လော်​စပီကာမှ​ကြေညာလိုက်​သည်​မင်းသန့်​စင်​တစ်​​ယောက်​လဲအိမ်​သို့တန်းပြန်​ကာ​ဘုရားခန်းမှမထွက်​​တော့ပဲ​နေလိုက်​သည်​။သူလည်းစိတ်​ထဲတွင်​​နောက်​ကျိကျိဖြစ်​​နေသဖြင့်​internetသုံးရန်​ဖုန်းကိုဖွင့်​လိုက်​သည်​ပထမဆုံးစတက်​လာ​သောviber
massage
"Hi my dear"
ဖုန်းနံပါတ်​က09784111139ဖြစ်​သည်​။
"ဟင်​ငါလည်းမသိပါဘူးဘယ်​သူလဲမသိဘူး"
မင်းသန့်​စင်​သည်​viber content addလိုက်
သောအခါ​ပေါ်လာ​သောနာမည်​က
"ဝသုန်​ရှင်းသန့်​"
သူမျက်​လုံးပြူးသွားသည်​​နောက်​ထပ်​ဝင်​လာ​သောmassageက
"အချိန်​မရှိ​တော့ဘူးနင့်​အသက်​​ပေးရ​တော့မယ်​"
"အချိန်​​ကြလာပြီနင်​​သေရမယ်​"
မင်းသန့်​စင်​လည်းဖုန်းကိုပါဝါပိတ်​ကာ​ဇော​ချွေးများပျံ​မေ​တော့သည်​။
အပိုင်း၇ဆက်​ရန်​..........
ဒီလင့်​​လေးကလာပြီးည​ကျောင်း၁၂၃၄၅၆၇ကိုဖက်​ရှုနိုင်​ပါတယ်​ရှာမ​တွေ့သူများလည်းအဆင်​​ပြေ​အောင်​ပါ~
https://m.facebook.com/onlinesoulbool?ref=stream